Home
သတင်းဓာတ်ပုံ
မူဆယ်မြို့ချစ်သူများအဖွဲ့ ပထမဆုံးအကြိမ် စုပေါင်းအမှိုက်ကောက် (ဓာတ်ပုံ)
DVB
·
March 18, 2019
IMG_20190317_081238
IMG_20190317_080940
IMG_20190317_080836
IMG_20190317_080639
IMG_20190317_080512
ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ  မူဆယ်မြို့ချစ်သူတွေက ဦးဆောင်ပြီး မတ်လ ၁၇ ရက် မနက်ပိုင်းက ပထမဆုံးအကြိမ် စုပေါင်း အမှိုက်ကောက်ခဲ့ကြပါတယ်။ မူဆယ်မြို့ ပရဟိတအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ ပြည်သူ့စစ်တွေပါဝင်တဲ့ အင်အား ၃၀၀ လောက်ရှိတဲ့ မူဆယ်မြို့ချစ်သူတွေက အုပ်စု သုံးစုခွဲပြီး မူဆယ်တမြို့လုံးမှာ အမှိုက်ကောက်ခဲ့ တာပါ။ မူဆယ်မြို့ဟာ မြန်မာနိုင်ငံ အရှေ့မြောက်တံခါးဝ မြို့တမြို့အဖြစ် ထင်ရှားတဲ့ မြို့ဖြစ်ပြီး တရုတ်-မြန်မာကုန်သွယ်ရေးမှာ အဓိကကျတဲ့မြို့လည်းဖြစ်ပါတယ်။ မူဆယ်မြို့မှာ ရပ်ကွက်ကြီး ၆ ရက်ကွက်ရှိပြီး လူဦးရေ နှစ်သိန်းနီးပါး နေထိုင်ပါတယ်။ မြို့ အမှိုက်သိမ်းစနစ်အတွက် အောင်ကရုဏာက တာဝန်ယူထားတာဖြစ်ပါတယ်။ သားကြီးမောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024