DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြ တော်ဝင်သစ်စက်အလုပ်သမားများ အမှုဖွင့်စစ်ဆေးခံနေရ
DVB
·
October 11, 2012
ဆန္ဒပြ တော်ဝင်သစ်စက်အလုပ်သမားများ အမှုဖွင့်စစ်ဆေးခံနေရ
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့  တော်ဝင်မိသားစုပိုင် သစ်အချောထည်စက်ရုံက အလုပ်သမားခေါင်းဆောင်တွေကို စမ်းချောင်းမြို့နယ် ရဲစခန်းက အမှုဖွင့်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။

[caption id="attachment_31836" align="alignright" width="300" caption="ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က အလုပ်သမားများ ဆန္ဒပြနေကြစဉ်"][/caption]

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့တုန်းက ရန်ကုန်တိုင်း မြောင်းတကာစက်မှုဇုန်ရှိ တော်ဝင်မိသားစု ကုမ္ပဏီပိုင်  သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ  လုပ်အားခတိုးမြှင့်ရရှိရေး အပါအ၀င် ခံစားခွင့်တွေအတွက် ကုမ္ပဏီရုံးကို ချီတက်တောင်းဆိုခဲ့တဲ့အပေါ် အလုပ်သမား ခေါင်းဆောင် ၇ ဦး ကို စမ်းချောင်းရဲစခန်းက အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အမှုဖွင့်ခံနေရသူတွေက တော်ဝင်သစ်အချောထဲစက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးတင်မျိုးကိုကို၊ အတွင်းရေးမှူး ဦးထက်ကိုကို၊ အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း၊ ဒေါ်သင်းသင်းမော်နဲ့ စက်ရုံအလုပ်သမား တွေဖြစ်တဲ့ ဦးနေလင်းဦး၊ ဒေါ်အိဇာဖြူနဲ့ ဒေါ်သီတာအောင်တို့ဖြစ်ပါတယ်။

အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့    Action Labour right အဖွဲ့ဝင် ကိုကျော်မင်းက “အမှုဖွင့်ထားတယ်၊ ခေါ်ယူစစ်ဆေးဖို့ဆိုပြီး စာထဲမှာ ပါတယ်။ အဲထဲမှာ ပါတာက အဓိက ပုဒ်မ ၁၈ နဲ့ စမ်းချောင်းမြို့နယ် ရဲစခန်းမှူးကနေပြီး တရားစွဲတာ။ ခေါ်ယူစစ်ဆေးဖို့ ဒီစခန်းကို ၁၀ နာရီထိုး လာရောက်ဖို့ဆိုပြီးပါတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ လုပ်အားခတိုးမြှင့်ပေးဖို့၊ အလုပ်ခွင်ထဲမှာ ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့နဲ့ အလုပ်ခွင်မှာ လူအပြောင်းအရွှေ့လုပ်ရင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ ညှိနှိုင်းပြီးမှလုပ်ဖို့ စတဲ့အချက် ၉ ချက်ကိုရရှိရေးအတွက် တော်ဝင်မိသားစုကုမ္ပဏီ ရုံးခန်းဆီကို ချီတက်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာ အလုပ်ရှင်က တောင်းဆိုချက်တွေကို လိုက်လျောခဲ့တဲ့အတွက် အလုပ်သမားတွေ အလုပ်ပြန်ဆင်းချိန်မှာ အခုလို ရဲစခန်းက အမှုဖွင့်ပြီး ခေါ်ယူ စစ်ဆေးတာဖြစ်ပါတယ်။
အစိုးရကို ဆန္ဒပြတာမဟုတ်ဘဲ အခုလို အမှုဖွင့်စစ်ဆေးနေတဲ့အပေါ် ကိုကျော်မင်းက “သူတို့တွေက ဆိုင်းဘုတ်ကိုင်ပြီးတော့ စက်ရုံကနေ ချီတက်လာပြီး အလုပ်ရှင်ကိုလည်း ဆန္ဒပြဖို့ လာတာမဟုတ်ဘူး။ အစိုးရဥပဒေကိုလည်း ကြွေးကြော်ပြီး ဆန္ဒပြဖို့ လာတာမဟုတ်ဘူး။ အဓိက အလုပ်ရှင်နဲ့အလုပ်သမား ပြဿနာပေါ်မှာ အလုပ်ရှင်က အဲနေရာမှာရှိတဲ့အတွက် လာရောက်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းတောင်းဆိုတာ။ အဲလိုလာရောက်တာကို အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းလို့ အဆင်ပြေသွားပြီ။ အဆင်ပြေသွားတဲ့အပေါ်မှာ ဒါဟာ ဥပဒေအရ ငြိစွန်းပါတယ်ဆိုတဲ့ဟာက ဒါသက်သက် ဒီဥပဒေက အလုပ်သမားတွေအတွက် ထောင်ချောက်ဖြစ်နေတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013