Home
မြန်မာသတင်း
စိတ်ကြွဆေးထုတ်လုပ်ရာတွင်သုံးသည့် ဓာတုဆေးများကို တားဆီးရန် မြန်မာတိုက်တွန်း
DVB
·
March 18, 2019
စိတ်ကြွဆေးတွေထိန်းချုပ်နိုင်ဖို့အတွက်  မူးယစ်ဆေးဝါးတွေ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးတွေတွေ တရားမဝင်မှောင်ခိုမှုကို နိုင်ငံတကာက ထိန်းချုပ်ဆောင်ရွက်ဖို့ မြန်မာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက တိုက်တွန်းလိုက်ပါတယ်။ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ မတ် ၁၄ ရက်မှ ၂၂ ရက်အထိ  ကျင်းပတဲ့ (၆၂) ကြိမ်မြောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားရာမှာ ပြောသွားတာပါ။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အနေနဲ့ ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး အလွဲသုံးမှု တိုင်ကြားရေးဌာနကို သမ္မတရုံးမှာ ဖွင့်လှစ်ကာ အားသွန်ခွန်စိုက် ဆောင်ရွက်နေလို့ တားဆီးနှိမ်နင်းရေးပိုမိုထိရောက်လာကြောင်းနဲ့ မြန်မာ-လာအို-ထိုင်းနယ်စပ် ရွှေတြိဂံဒေသမှာလည်း မူးယစ်ဆေးဝါး ပူးပေါင်းဆောင်ရွက်ရေး စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်နေတာ အောင်မြင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ဘိန်းစိုက်ပျိုးမှုလည်း အရင်နှစ်တွေကထက် များစွာ လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့တယ်၊ စိတ်ကြွဆေးများထိန်းချုပ်နိုင်ဖို့ မူးယစ်ဆေးဝါးတွေ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဆေးတွေ တရားမဝင်မှောင်ခိုမှုကို နိုင်ငံတကာက ထိန်းချုပ် ဆောင်ရွက်ဖို့ လိုသလို၊ မြန်မာနိုင်ငံ အနေနဲ့လည်း နိုင်ငံတကာနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်မယ်လို့ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီး ခေါင်းဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ဟာ ဝန်ကြီးအဆင့် အစည်းအဝေးတွေနဲ့ UNODC ရဲ့ အမှုဆောင်ဒါရိုက်တာ ယူရီဖီဒိုတော့ဗ်နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024