Home
မြန်မာသတင်း
ကလေးမြို့ပြင် စက်သုံးဆီတန်း ဆီဆိုင်တဆိုင်တွင် မီးလောင်ကျွမ်း
DVB
·
March 17, 2019
54525882_1218343741674851_8900010786726871040_o
55455268_1218343775008181_3105927650464497664_o
54200834_1218343658341526_4073425237830533120_o
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဖောင်ကူးလမ်းဘေးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တန်းက နိုင်ဟိန်းထက် ဆီဆိုင်က ဆီလှောင်ကန်မှာ မတ်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီ ကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ "ဖြစ်စဉ်က ဆီလှောင်ကန်ကနေ ပေပါတွေထဲ စက်နဲ့ ဆီစုပ်ရင်း လောင်ကျွမ်းတာလို့ ယူဆရပါတယ်" လို့ ကလေးမြို့နယ် မီးသတ်ဦးစီးမှူး ကိုအောင်ကိုဌေးက ပြောပါတယ်။ ခုလို မီးမတော်တဆမှုကြောင့် ဂါလန် ၄၀၀ ဆံ့ ဒီဇယ်ဆီကန်တလုံးနဲ့ ဒီဇယ်ဆီ ၆၀ ဂါလံလောက် ဆုံးရှုံးခဲ့ပြီး ကလေးမြို့ မီးသတ်ဌာနကတော့ ဆုံးရှုံးမှု တန်ဖိုး ၇ သိန်းခွဲရှိတယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၂ စီး၊ ဆီမီးငြိမ်းသတ်ယာဉ် တစီး၊ ရေသယ်ယာဉ် ၂ စီး အသုံးပြု မီးငြိမ်းသတ်ခဲ့တာလို့ ကိုအောင်ကိုဌေးက ပြောပါတယ်။ ဒီလို မီးမတော်ဆမှုကြောင့် ဆီဆိုင်ပိုင်ရှင် ဖြစ်သူ ဦးသန်းညွန့်ကို ပုဒ်မ ၄၅၁/၂၀၁၉(၂၈၅) နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024