Home
မြန်မာသတင်း
တောင်ငူတွင် ကျပ်သိန်း ၃ သောင်းခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 15, 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ မတ် ၁၃ ရက်နေ့က ငွေကျပ် သိန်း ၃ သောင်းလောက် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မတ် ၁၃ ရက် ၀၀း၂၀ အချိန်က အမှတ် ၃ တောင်ငူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တောင်ငူမြို့ ၄ မိုင် စစ်ဆေးရေးဂိတ်မှာ ထွန်းထွန်းလင်း မောင်းနှင်ပြီး စိန်လွင်ဦး လိုက်ပါလာတဲ့ HINO အမျိုးအစား ၆ ဘီး မော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားလို့ ပိတ်ဆို့ရှာဖွေရာ သပြေလှကျေးရွာအနီး ထွန်းထွန်းလင်းအား မော်တော်ယာဉ်နဲ့အတူ တွေ့ရပြီး စိန်လွင်ဦးမှာတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ်ကို ရှာဖွေရာမှာ ပီနံအိတ် ၃ အိတ်အတွင်းမှ ငွေကျပ်သိန်း ၂၈,၉၅၇ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ ပြား၊ ငွေ ၉၀,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ထွန်းထွန်းလင်းနဲ့ စိန်လွင်ဦး (ဖမ်းမမိ) တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024