Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား
DVB
·
March 14, 2019
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်  တောဖျားချောင်းဒေသမှာ တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့ မနေ့ညကတည်းက တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒီကနေ့ မတ်လ ၁၄ ရက် မနက်ကလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။ ဗုဒ္ဓေါကျေးရွာအနီးနဲ့ ကွမ်းအုံ​စု​ကျေးရွာအနီးမှာ လက်​နက်​ကြီးတွေနဲ့ရော ရဟတ်​ယာဉ်ပစ်ကူနဲ့ ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ မတ်လ ၉ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ ရဲစခန်းကို  အေအေ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခုရက်ပိုင်းအတွင်း တပ်​မ​တော်နဲ့ အေအေတပ်ဖွဲ့တွေ ပုဏ္ဏား ကျွန်းနဲ့ ကျောက်​​တော်​မြို့နယ် နေရာအနှံ့အပြားမှာ တိုက်ပွဲ ဖြစ်ပွားနေတာပါ​။ ဒီတိုက်ပွဲတွေမှာ နှစ်ဖက်သေဆုံးဒဏ်ရာတဲ့ အခြေအနေ မသိရသေးသလို ​လေ​ကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အတည်​ပြုဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်​ချုပ်​​ဇော်​မင်းထွန်းကို ဖုန်းဆက်​မေးမြန်းခဲ့ပေမယ့် ​  အစည်းအ​ဝေးလုပ်​​နေလို့ မအားလပ်​​သေး​ကြောင်း ​သူရဲ့ ကိုယ်ရေးအရာရှိ PSO က​ ပြောပါတယ်။ တိုက်​ပွဲပြင်း​ထန်​လာတဲ့အတွက် ရွာသူ၊ ရွာသားတွေအားလုံး ယိုးတရုတ်ကျေးရွာဘက်သို့ ထွက်​​ပြေးတိမ်းရှောင်လာကြပြီး ဘုန်း​တော်​ကြီး​ကျောင်းမှာ ​ခိုလှုံနေကြပါတယ်​။ အမည်​မ​ဖော်​လိုတဲ့ ဗုဒ္ဓေါကျေးရွာသားတဦးင "ကျနော်​တို့ ဗုဒ္ဓေါကျေးရွာနဲ့ ကွမ်းအုံ​ချောင်း ​ကျေးရွာနေ ​ကျေးရွာသူ ရွာသားတွေက မတ်​လ ၁၂ ရက်​​ကတည်းက တ​ချို့ တ၀က်​ ထွက်​​ပြေးလာကြတာရှိပါတယ်။ မ​နေ့က​တော့ ရွာလုံးကျွတ်​ထွက်​​ပြေးလာကြတာပါ။ မနေ့က ညလုံး​ပေါက်​ တိုက်​ပွဲဖြစ်​တာက ​​ကျေးရွာ​တွေအနီး ​တော​တောင်​​တွေထဲမှာပါ။ ရွာသူရွာသား​တွေက​တော့ အားလုံးထွက်​​ပြေးကုန်​ကြပါပြီ " လို့ ပြောပါတယ်​။ ဗုဒ္ဓေါကျေးရွာ နဲ့ ကွမ်းအုံစု​ကျေးရွာ နှစ်​ရွာ​ပေါင်း အိမ်ထောင်စု ၅၉စု၊  လူဦး​ရေ ၂၁၈ ဦးရှိပြီး ​ ခုအခါ ပုဏ္ဏားကျွန်းမြို့နယ်​ ယိုးတရုတ်​​ကျေးရွာ ဘုန်း​ကြီးကျောင်းမှာ ခိုလှုံနေပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024