Home
မြန်မာသတင်း
မြောင်းမြအကျဉ်း​ထောင်​တွင်​ ထောင်​ဝင်​စာလာ​တွေ့သူထံက မူးယစ်​​ဆေးဝါးများ ဖမ်းမိ
DVB
·
March 14, 2019
53905688_643204989467565_809775363075866624_o
ဧရာဝတီတိုင်း မြောင်းမြအကျဉ်းထောင်ကို ထောင်ဝင်စာလာတွေ့သူ တဦးထံကနေ WY ခေါ် စိတ်ကြွဆေးပြား ၃၉၀ ပြားနဲ့ အိုက်စ်အဖြူရောင်အခဲ ၁.၂၅ ဂရမ်ကို မတ်လ ၁၃ ရက်က ဖမ်းမိခဲ့ပါတယ်။ မြောင်းမြထောင်ထဲမှာ အကျဉ်းကျနေတဲ့ ကိုနေလှိုင်းကို ထောင်ဝင်စာလာတွေတဲ့ ကိုဟိန်းမင်းလတ်(ခ)မင်းမင်းယူဆောင်လာတဲ့ ထောင်ဝင်စာပစ္စည်း လက်ဖက်ထုတ်ကို မသင်္ကာတာလို့ စစ်ဆေးရာမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဟိ​န်းမင်းလတ်​ (ခ)မင်းမင်းနဲ့ လူသတ်​မုဒိမ်းမှုနဲ့ ထောင်​(၁၅)နှစ်​ ကျ​ခံနေတဲ့  ကိုနေလှိုင်းတို့ ကို မူး/စိတ်​ ပုဒ်​မ၁၉(က)/၂၁အရ စစ်ဆေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024