Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
March 14, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ American Romance Drama ပရိသတ်တွေ အကြိုက် Five Feet Apart ! ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတွေဖြစ်ကြတဲ့ Lionsgate နဲ့ CBS Films တို့က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် သရုပ်ဆောင်၊ ဒါရိုက်တာ Justin Baldoni က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ဆေးရုံမှာ တက်ရောက်ကုသရင်း ချစ်ကျွမ်းဝင်သွားခဲ့ကြတဲ့ ဆယ် ကျော်သက်လူငယ် ၂ ဦးရဲ့ အချစ်ဇာတ်လမ်းကို ထူးထူးခြားခြား ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပုံမှန်သမားရိုးကျ အချစ်ဇာတ်လမ်းမဟုတ်ပဲ ထူးခြားနေတာကတော့ သူ တို့ဟာ Cystic Fibrosis လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါကြောင့် ဆေးရုံကို ရောက်ရှိ နေခဲ့သူတွေ ဖြစ်နေတာပါ။ ဒီရောဂါဟာ ခန္ဓာကိုယ်ထဲက အဆီ၊ အချွဲ၊ ချွေး၊ တံတွေး၊ အရည်တွေထုတ်တဲ့ ဂလင်းတွေ ပျက်စီးပြီး ပြင်းထန်တဲ့ အဆုတ်နဲ့ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်စေတာမျိုး ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သူတို့ ၂ ယောက်ရဲ့ အချစ်ခရီးလမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လို ကြေကွဲစရာ၊ ကြည်နူးစရာ အဖြစ်အပျက်တွေနဲ့ အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီး ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမေရိကန်သရုပ်ဆောင် မင်းသမီး Haley Lu Richardson နဲ့ သရုပ်ဆောင်မင်းသား Cole Sprouse တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားခဲ့ ကြတာ ဖြစ်ပြီး တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Claire Forlani ၊ Moises Arias ၊ Parminder Nagra တို့နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထား ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၁၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၁၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။    နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ 3D Computer Animated ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်  Wonder Park ! Adventure Comedy အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့  အ မေရိကန် ရုပ်ရှင်ဒါရိုက်တာ David Feiss က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး နာ မည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကုမ္ပဏီ Paramount Pictures က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်အရွယ် ကောင်မလေး June ဟာ စိတ်ကူးယဉ်တတ်ပြီး ဖန်တီး တီထွင်လိုစိတ်ပြင်းပြတဲ့ကောင်မလေးတယောက် ဖြစ်ပါတယ်။ သူရဲ့ အတွေးထဲမှာ တော့ သူ့ရဲ့ အမေ၊ သူငယ်ချင်းတွေနဲ့အတူ  တည်ဆောက်နေကျ အံ့သြစရာ Wonderland ကစားကွင်းကြီး ရှိနေတယ်။ တရက်မှာတော့ အဲဒီ Wonderland ကစား ကွင်းကြီးဟာ တောအုပ်ကြီးရဲ့ တနေရာမှာ တကယ်ရှိနေတာကို ရှာတွေ့သွားတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒီ Wonderland ကြီးကို ဖျက်ဆီးနေကြတဲ့ Chimpanzombies တွေရဲ့ ရန်ကနေကာကွယ်ဖို့ လိုအပ်လာချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို Computer Animation အထူးပြုလုပ်ချက်တွေနဲ့ အ တူ ပရိသတ်တွေက ရှုစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင်မိန်းကလေး June နေရာမှာ မျက်နှာသစ် သရုပ်ဆောင်မင်းသမီး Brianna Denski က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။ သူ့ရဲ့ မိခင်နေရာမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Jennifer Garner က ပါ ၀င်ထားပြီး Kenan Thompson ၊ Mila Kunis ၊ John Oliver စတဲ့ တခြားသရုပ် ဆောင်တွေအများကြီးက အသံနဲ့ ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ ကလေးတွေကြည့်ရှုဖို့ မသင့်တော်တာမို့ ကြည့်ရှုမယ်ဆိုရင်တော့ မိ ဘ အုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ ရိုက် ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထွက်မလာခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မြန်မာရုပ်ရှင်ကား ကျွန်မအချစ်ဆုံးယော က်ျားသုံးယောက် ! ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး နာမည်ကြီး စာရေးဆရာ မကြီး ခင်စောဦးရဲ့ ၀တ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပုံဖော်ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ အချစ်၊ အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းတပုဒ်အဖြစ် ဖန်တီးတည်ဆောက် ထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ သမုဒယခင်ဆိုတဲ့ အမျိုးသမီးတယောက်ရဲ့ ဘ၀မှာ ကြုံတွေ့ပတ်သက်ခဲ့ရတဲ့ ယောက်ျားတွေနဲ့ ဘ၀ဖြတ်သန်းမှုတွေကို ပရိသတ်တွေက ရှု စားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင် က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရန်အောင်၊ ပြေတီဦး၊ မင်းဦး၊ မို့မို့မြင့်အောင်၊ မင်းဘုန်းမြတ်၊ နန်းစန္ဒာလှ ထွန်း၊ Emily Bo တို့ကလည်း အတွဲညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အမိုက်စား Dialog တွေဟာ ရုံမတင်ခင်ကတည်းက ပရိ သတ်တွေကြားမှာ ရေပန်းစားနေပြီး ရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့တာပါ။ ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လာမယ့် မတ်လ ၁၅ ရက်နေ့မှာတော့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ သွေး ပျက်ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ ရာဇ၀တ်ပြစ်မှုဆိုင်ရာ Sci-Fi အမျိုးအစား ရုပ်ရှင် ကားတကားဖြစ်တဲ့ Captive State ! ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Focus Features က တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Rupert Wyatt က ရိုက်ကူးပုံဖော်ပေး ထားခဲ့တာပါ။ ဒီရုပ်ရှင်ထဲမှာတော့ လူသားတွေ နေထိုင်တဲ့ ကမ္ဘာကို ပြင်ပကမ္ဘာက  ဂြိုဟ်သား တွေက အချိန်ဆယ်စုနှစ်နဲ့ချီကြာအောင် သိမ်းပိုက်အုပ်ချုပ်နေခဲ့ကြချိန်ကို အခြေတည် ထားခဲ့တာပါ။ ဒီအချိန်မှာ တချို့ကတော့  ဂြိုလ်သားတွေနဲ့ ပူးပေါင်းကြပြီး တချို့ကတော့ ခုခံတော်လှန်ကြဖို့ ကြိုးစားလာကြချိန်မှာ ဘာတွေဖြစ်လာမလဲ။ ဒါရိုက်တာ Rupert Wyatt ဟာ ၂၀၁၁ ခုနှစ်က ရုံတင်ပြသခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရရှိခဲ့တဲ့ Rise of the Planet of the Apes ရုပ်ရှင်ကို ရိုက်ကူးပုံဖော်ခဲ့သူဖြစ်တာမို့ ဒီကား ထဲမှာလည်း ဘယ်လိုရိုက်ကူးထားမလဲဆိုတာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှု စားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမေရိကန်သရုပ်ဆောင်မင်းသား John Goodman က ချီ ကာဂိုက ရဲအရာရှိ Mulligan အနေနဲ့ ခေါင်းဆောင်ပါဝင်ထားပြီး သရုပ်ဆောင်မင်းသမီး Vera Farmiga ၊ ရက်ပ်ပါအဆိုတော် Machine Gun Kelly တို့နဲ့အတူ တခြားသရုပ် ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၂၅ သန်း အကုန်အကျခံရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၁၅ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Romance Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ For Love Or Money ! ဒီကားကိုတော့ Gravitas Ventures ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက် တာဖြစ်ပြီး ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Mark Murphy က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ် တိုင်ပဲ ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ချမ်းသာကြွယ်ဝမှုနဲ့ ချစ်ခြင်းမေတ္တာကြားမှာ မျှော်လင့် ထားသလို ဖြစ်မလာနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနေသေးတာကို ပုံဖော်ရိုက် ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲက ဇာတ်ကောင်အမျိုးသား Mark ရဲ့ ဘ၀ဟာ အ ရာရာပြည့်စုံနေပြီး သန်းပေါင်းများစွာ ကြွယ်ဝတဲ့ မီလျံနာတဦးအဖြစ် ရှိနေခဲ့တာပါ။ သူ ဟာ ချစ်သူမိန်းကလေး Cornie နဲ့ လက်ထပ်လိုက်ပြီးချိန်မှာတော့ ထင်မှတ်မထားတဲ့ အ ကြောင်းအရာတခုကို သိလိုက်ရပါတော့တယ်။ အဲဒါကတော့ Cornie ဟာ သူ့ရဲ့ သန်း နဲ့ချီတဲ့ ငွေတွေကို တိတ်တဆိတ် ခိုးယူဖို့ ကြံစည်နေခဲ့တာပါ။ ဒါကို သိသွားချိန်မှာ Mark က ဘာဆက်လုပ်မလဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့  အချစ် ဇာတ်မြူးပုံစံ ရိုက်ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဗြိတိန်သရုပ်ဆောင်မင်းသား Robert Kazinsky နဲ့  သရုပ်ဆောင် မင်းသမီး Samantha Barks တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း  အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024