Home
မြန်မာသတင်း
ဇာတ်မင်းသားထူးခြားအောင်ကို စိတ်ကြွရူးသွပ်ဆေးပြား ၇ ပြားဖြင့် ဖမ်းဆီးရမိ
Aung Aung Naing
·
March 13, 2019
54434637_268800854010413_7205020132546969600_o
မန္တလေးတိုင်း​၊ ချမ်းမြသာစည်မြို့နယ်​၊ ကန်သာယာရပ်ကွက် ၅၉ လမ်း​ဘေး၊ မတ္တရာသံလမ်း​အနီးကအိမ်မှာ ဇာတ်မင်းသားထူးခြားအောင် (ခ) စိုးထိုက်ဝင်းကို မတ်လ ၁၁ ရက် ည ၁၁ နာရီက စိတ်ကြွမူးယစ်ဆေး ၇ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ရပ်ကွက်တာဝန်​ရှိသူ​တွေဟာ ဇာတ်မင်းသား ထူးခြားအောင်ရဲ့ နေအိမ်​မှာ မူးယစ်ဆေးဝါးသုံးစွဲနေတယ်​လို့ သတင်းရရှိခဲ့တာ​ကြောင့်​ ဝင်ရောက်ရှာ​ဖွေခဲ့ရာမှာ  နေအိမ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲ​နေ​တဲ့ ထူးခြားအောင်ကို တွေ့ရှိခဲ့တာပါ။ သူရဲ့အိပ်ယာပေါ်ကိုဆက်​လက်​ရှာ​ဖွေရာ ကြွပ်ကြွပ်အိတ်နဲ့ထုတ်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြားနဲ့အတူ ငွေရောင် သေတ္တာထဲ သိမ်းထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား ကိုထပ်​မံ​တွေ့ရှိခဲ့ပါတယ်​။ မူးယစ်ဆေးဝါးသုံးစွဲရာမှာအသုံးပြုတဲ့ ပိုက်တပ်ထားတဲ့ ရေသန့်ဘူး၊ ခဲပြားနဲ့ မီးခြစ်​တွေကို​တွေ့ခဲ့ပြီး အိပ်ယာကြမ်းပြင်အောက်မှာလည်း စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားကိုပါ ထပ်မံတွေ့ရှိခဲ့တယ်လို့  ရဲမှုခင်းမှတ်တမ်းအရ သိရပါတယ်​။ ဒီဖြစ်စဉ်နဲ့​​ပတ်သက်ပြီး ထူးခြားအောင် (ခ) စိုးထိုက်ဝင်းကို အောင်ပင်လယ်ရဲစခန်းက အမှုဖွင့်ဖမ်းဆီးထားကာ ကွင်းဆက်တရားခံတွေဆက်လက်ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024