Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်ရှိနေပြီဟု ကုလထုတ်ပြန်
ရွှေအောင်
·
March 13, 2019
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရသူပေါင်း ၁၀,၀၀၀ ကျော်ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၉ ဇန်နဝါရီလဆန်းပိုင်းကနေ မတ်လ ၁၂ ရက်အထိ စစ်ဘေးရှောင် အရေအတွက်ဖြစ်ပြီး ဒေသခံတွေကို အတင်းအကျပ်ပေါ်တာဆွဲတာတွေလုပ်တယ်လို့ လည်း သတင်းမှာ ဖော်ပြပါတယ်။ “ပြည်သူတွေဟာ မကြာခဏဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ မိုင်းအန္တရာယ်တွေကြောင့် နေရပ်နဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ ခိုလှုံနေရာတွေနဲ့ စခန်းတွေအကြား သွားချည်ပြန်ချည် နေထိုင်နေရတယ်၊ ကလေးတွေအပါအဝင် ဒေသခံပြည်သူတွေကို အတင်းအကျပ် ပေါ်တာ ဆွဲတာ၊ တိုက်ပွဲတွေ၊ မိုင်းတွေကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာ၊ အသက်သေဆုံး တာတွေလည်း ကြုံတွေ့နေရတယ်”လို့ အစီရင်ခံစာကဆိုပါတယ်။ မတ်လ ၂ ရက်မှာလည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ မန်မိုင်လီဆော ကျေးရွာကို စစ်ဘေးရှောင် ၁၀၅ ဦး ထပ်မံရောက်ရှိခဲ့ပါသေးတယ်။ မတ်လ ၂ ရက်မှာ  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတာပါ။ စစ်ဘေးရှောင်တွေအတွက် သင့်တင့်ကောင်းမွန်တဲ့ နေရာထိုင်ခင်း၊ မီးအလင်းရောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ ရေချိုးရန်သီးသန့်နေရာတွေ လိုအပ်နေပါတယ်။ ရခိုင်ပြည်နယ်မှာလည်း တပ်မတော်နဲ့  အေအေ (ရက္ခိုင့်တပ်မတော်) အကြားတိုက်ပွဲတွေကြောင့် အခု မတ်လ ၄ ရက်ကစပြီး ရခိုင်ပြည်နယ်မှာ လူဦးရေ ၃,၂ဝဝ ကျော်နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတယ်လို့လည်း  UNOCHA သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024