DVB Logo
Home
မြန်မာသတင်း
ကိုရီးယားရောက် မြန်မာများ ကွမ်းတံတွေးထွေးသည့်အကြောင်း SBS ရုပ်သံထုတ်လွှင့်
DVB
·
March 13, 2019
ကိုရီးယားရောက် မြန်မာများ ကွမ်းတံတွေးထွေးသည့်အကြောင်း SBS ရုပ်သံထုတ်လွှင့်
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာတွေ ကွမ်းတံတွေးထွေးတဲ့အကြောင်း သြစတြေးလျ အခြေစိုက် SBS သတင်းဌာနကြီးရဲ့ ကိုရီးယားဘာသာအစီအစဉ်ကနေ ရုပ်သံထုတ်လွှင့် ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းဘူတာနားမှာ ဘာရယ်လို့ အသေချာမသိရတဲ့ နီနီးရဲရဲ အစွန်းအထင်းဟာ မြန်မာတွေစားတဲ့ ကွမ်းတံတွေးကြောင့်ဆိုတာ ဖော်ထုတ်နိုင်ပြီလို့ သတင်းကြေညာသူကပြောသွားပါတယ်။

ဘူဖျောင်းဘူတာနားမှာ မြန်မာဘုန်းကြီးကျောင်းတကျောင်ရှိလာပြီးတဲ့နောက် မြန်မာစားသောက်ဆိုင်တွေနဲ့ စတိုးဆိုင်တွေ တိုးဖွင့်လာကြပြီး ပိတ်ရက်နဲ့ နားရက်တွေမှာ လာရောက်သူတွေများလာသလို ဘူတာတဝိုက် ကွမ်းစားနေတဲ့ မြန်မာတွေကို အလွယ်တကူတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ကွမ်းတံတွေးကို မသိတဲ့သူတွေက သွေးကွက်နဲ့တူလို့ ကြောက်လန့်ကြတယ်လို့လည်း ဆိုပါတယ်။

ကွမ်းတံတွေးထွေးတာကို တားမြစ်ဖို့ ရဲတွေက စည်းကမ်းချက်တွေ ချမှတ်နေပြီး မြန်မာအဖွဲ့ အစည်းတွေနဲ့အတူ ဘူဖျောင်းဘူတာနားမှာ သန့်ရှင်းရေးလုပ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013