Home
သတင်းဓာတ်ပုံ
ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးအမေရိကန်စစ်​သည်​ရုပ်​ကြွင်းများ ပြန်​လည်သယ်​​ဆောင်
Aung Aung Naing
·
March 13, 2019
54516529_268471887376643_3197556147749912576_n
54514264_268471634043335_6554466723326590976_n
54458161_268471737376658_66413676298502144_n
54430244_268471430710022_954443558255853568_n
54257381_268471520710013_2526031985181196288_n
54211633_268471550710010_8697757392324001792_n
53825901_268471714043327_6260405787336638464_n
53790490_268471577376674_456902628152967168_n
53782612_268471854043313_6654017944919474176_n
53633599_268471320710033_7287977881135742976_n
53570945_268471674043331_6966701197679919104_n
53520591_268471364043362_8211158617257148416_n
53518734_268471480710017_1664910369686028288_n
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေ ရဲ့ ရုပ်ကြွင်းတွေကို အမေရိကန်နိုင်ငံကို ပြန်လည်သယ်ဆောင်တဲ့ အခမ်းအနား မတ်လ ၁၂ ရက် ညနေက မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အ​မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ကြောင်းရှာဖွေမှတ်တမ်းတင်ရေးအေဂျင်စီ (ဒီပီ​အေ​အေ)ရဲ့အစီအစဉ်နဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးဒေသတ၀ိုက်မှာမကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေ ဖြစ်နိုင်ခြေရှိတဲ့သူ​တွေရဲ့ ရုပ်ကြွင်း​တွေ​ကို ပြန်လည် သယ်ယူခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ကြွင်း​တွေဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖြစ်နိုင်ခြေရှိတာ​တွေကို ဆက်လက်ခွဲခြမ်း စိတ်ဖြာ ရှာဖွေဖော်ထုတ်ဖို့  အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ ဒီပီ​အေ​အေ ဓာတ်ခွဲခန်းကို ဆက်လက်​ ပို့ဆောင်သွားမှာလည်းဖြစ်​ပါတယ်​။ ကျနော်တို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေ အဖြစ် ဖြစ်နိုင်ခြေရှိတဲ့ ရုပ်ကြွင်းတွေကို ဒီကနေ့ ကျနော်တို့  ပြန်လည် သယ်ယူပို့ဆောင်တာလို့ အမေရိကန်သံအမတ်ကြီး စတော့မာစီရယ်က ပြောပါတယ်။ “အ​မေရိကန်​ရဲ့ ကျဆုံးစစ်​သည်​​တွေအကြောင်းကို ထာဝရအမှတ်ရဂုဏ်ပြုနေဖို့၊ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဘယ်တော့မှ မမေ့မလျော့ ငြိမ်းချမ်း၊ တရားမျှတမှုရှိပြီး နေရာတိုင်းမှာ လွတ်လပ်မှုရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် တည်ဆောက်ကြိုးပမ်း အားထုတ်ရေးအတွက် သူတို့ကို ပေးဆပ်ဖို့ ကျနော်တို့မှာတာဝန်ရှိနေပါတယ်။” ဒီရုပ်ကြွင်းတွေဟာ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီက စစ်သည် ၇ ဦးလိုက်ပါသွားခဲ့တဲ့  ဘီ- ၂၅ လေယာဉ်နဲ့ ဆက်စပ်နေမယ်​လို့ယုံကြည်ရတယ်လို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ  ကျန်ရစ်ပျောက်ဆုံးခဲ့ကာ ရှာဖွေမတွေ့သေးတဲ့ အမေရိကန်စစ်သည် ၆၃၂ ဦး ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီပီအေအေအနေနဲ့  မြန်မာနိုင်ငံမှာ ၂၀၀၃-၂၀၀၄ ခုနှစ်တွေမှာ ရှာဖွေရေးအစီအစဉ် သုံးကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၃ နဲ့ ၂၀၁၉ မှာ ၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်​အတွင်း ကျဆုံးခဲ့တဲ့ အမေရိကန်​စစ်​သည်​တွေရဲ့ ရုပ်​ကြွင်းတွေကို အ​မေရိကန်နိုင်​ငံကို ပထမဆုံးအကြိမ် ပြန်​လည်​သယ်​​ဆောင်​တဲ့အခမ်းအနားကို အ​မေရိကန်​သံရုံး တာဝန်​ရှိသူတွေနဲ့ မန္တ​လေး​ဒေသကြီး အစိုးရအဖွဲ့က ရှမ်းတိုင်းရင်းသား​ရေးရာဝန်ကြီး ဦးစန်းပန်းဆိုင်​တို့ တက်​​ရောက်​ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024