
ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ကျွန်မအချစ်ဆုံး ယောက်ျားသုံး ယောက်ရုပ်ရှင်ကားကို လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။
ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး နာမည်ကြီး စာရေးဆရာ မကြီး ခင်စောဦးရဲ့ ၀တ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပုံဖော်ရိုက်ကူး ထားတာ ဖြစ်ပါတယ်။
အချစ်၊ အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းတပုဒ်အဖြစ် ဖန်တီးတည်ဆောက် ထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ သမုဒယခင်ဆိုတဲ့ အမျိုးသမီးတယောက်ရဲ့ ဘ၀မှာ ကြုံတွေ့ ပတ်သက်ခဲ့ရတဲ့ ယောက်ျားတွေနဲ့ ဘ၀ဖြတ်သန်းမှုတွေကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင် က သမုဒယခင်အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီး တွေ ဖြစ်ကြတဲ့ ရန်အောင်၊ ပြေတီဦး၊ မင်းဦး၊ မို့မို့မြင့်အောင်၊ မင်းဘုန်းမြတ်၊ နန်းစန္ဒာလှထွန်း၊ Emily Bo တို့ကလည်း အတွဲညီညီ ပါဝင်ထားခဲ့ကြ တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲက အမိုက်စား Dialog တွေဟာ ရုံမတင်ခင်ကတည်းက ပရိ သတ်တွေကြားမှာ ရေပန်းစားနေပြီး ရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့တာပါ။
ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။










