Home
မြန်မာသတင်း
ရခိုင်​မြောက်ပိုင်းရှိ အင်အားနည်းသည့် ရဲကင်းစခန်းအချို့ ရုပ်သိမ်း  
DVB
·
March 12, 2019
54211680_147098539645881_5333477679364571136_n
53739849_147098479645887_3598317621994323968_n
53732591_147098582979210_4983604807299235840_n
53519681_147098342979234_5676295955977076736_n
53501947_147098389645896_1343439334665093120_n
53352463_147098722979196_6555021066165551104_n
53349912_147098509645884_4218148919693017088_n
53021173_147098682979200_8525946983813218304_n
ရခိုင်​ပြည်​နယ်​ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြားမြို့နယ်ရှိ အင်​အားနည်း တဲ့ရဲစခန်းနဲ့ ရဲကင်းစခန်းတွေအပြင်  နယ်ခြားစောင့်စခန်းတွေကို လုံခြုံမှုရှိဖို့အတွက် မတ်လ ၁၀ ရက်က စပြီး တခြားရဲကင်းစခန်းတွေနဲ့ အင်​အား​ပေါင်းစည်း​နေ​တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။ ရသေ့တောင်မြို့နယ် အိုးဖောက် နယ်ခြားစောင့်စခန်းနဲ့ ချွတ်ပြင် နယ်ခြားစောင့်စခန်း၊ ဘူးသီးတောင်မြို့နယ် စေတီတောင် နယ်ခြားစောင့်စခန်းနဲ့ မင်းပြားမြို့နယ် ပန်းမြောင်းရဲစခန်း၊ မောင်တောမြို့နယ် ငါးခူရွာသစ်ကျေးရွာနဲ့ ကပ္ပကောင်းကျေးရွာရှိ နယ်ခြားစောင့်ရဲစခန်းတွေကို ရုပ်သိမ်းပြီး တခြားရဲစခန်းတွေနဲ့ ပူးပေါင်းလိုက်​တာဖြစ်ပါတယ်​။ မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးရဲထူးက "အင်အားနည်းတဲ့ ကင်းစခန်းတွေကို နေရာ စုစည်းတဲ့သဘောပါ။ ယိုးတရုတ်ဖြစ်စဉ်ကြောင့် ကြိုတင်ပြင်ဆင်တဲ့ သဘောဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်​။ မတ်လ ၁၀ ရက် ညနေက ငါးခူရွာသစ်ကျေးရွာရှိ နယ်ခြားစောင့် ကင်းစခန်းကို ရုပ်သိမ်းသွားခဲ့တယ်လို့  ငါးခူရွာသစ်ကျေးရွာသစ် အုပ်ချုပ်ရေးမှူး ဦးဘတင်က ပြောပါတယ်​။ "ညနေ ၄ နာရီ ခွဲမှ စရုပ်သိမ်းသွားတာပါ။ ကျေးရွာသူ/သားတွေကတော့ စိုးရိမ်မှု သိပ်မရှိပါဘူး။ ဒီလိုပဲ ကျနော်တို့နေလာခဲ့တာကြာပါပြီ။" ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းကို အေအေအဖွဲ့က မတ် ၉ ရက် ည ၁၁ နာရီလောက်က အင်အားအလုံးအရင်းနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သတင်း- ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024