ဘရာဇီးတွင် ရေကြီးပြီး နေအိမ်အချို့ ပြိုကျ၊ လူ ၇ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင်းနဲ့ အနီးဝန်းကျင်မှာ ရေကြီးမှုကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသမီဒီယာက မတ်လ ၁၁ ရက်နေ့မှာ ဖော်ပြပါတယ်။ ဆော်ပေါ်လိုမြို့ ဆင်ခြေဖုံးဒေသမှာ အိမ်ပြိုပြီးနောက် သေဆုံးသူတွေ ရှိခဲ့ပါတယ်။ သေဆုံးသူတချို့ဟာ တမိသားစုတည်းက ဖြစ်တယ်လို့လည်း ယုံကြည်ရပါတယ်။ ရေကြီးနေတာကြောင့် မြို့ထဲမှာ ယာဉ်အသွားအလာ အခက်တွေ့နေပါတယ်။ ဝေဟင်ဓာတ်ပုံတွေအရ မြို့ဧရိယာ အတော်များများ ရေနစ်မြုပ်နေတာကိုလည်း မြင်တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up