အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNPP အလွတ်သဘော ဆွေးနွေး

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်မထိုးရသေးတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP က ကိုယ်စားလှယ်အဖွဲတို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ  PC က ဒီကနေ့ မနက်ပိုင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့်လက်မှတ်ထိုးထားတဲ့ သဘောတူညီချက် တွေ  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေရေးထိုးနိုင်ဖို့ လိုအပ်ချက်တွေအကြောင်းကို အဓိကထားပြီး ဆွေးနွေးပါတယ်။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ PC အနေနဲ့ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP အပါအဝင် NCA ထိုးထားတဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့လည်း မတ်လ ၉ ရက်နေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သလို ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ထပ်မံဆွေးနွေးခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up