မူးယစ်ဆေး ၆ တန် ကမ်းလွန်ပင်လယ်ပြင်တွင် မက္ကဆီကိုရေတပ်ဖမ်းမိ
DVB
·
March 10, 2019
မက္ကဆီကို ရေတပ်ဟာ နိုင်ငံအနောက်မြောက်ပိုင်း ဆိုနိုရာ ပြည်နယ်ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မတ်လ ၇ ရက်က မူးယစ်ဆေးဝါး ၆ တန်ကို ဖမ်းမိခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။
ကမ်းရိုးတန်း လတာပြင်ထဲက ခြုံတွေကြားမှာ ဝှက်ထားတဲ့ လှေတွေပေါ်ကို ရဟတ်ယာဉ်ပေါ်က စစ်သည်တွေ ဆင်းလာတာကိုလည်း မြင်ရပါတယ်။
တရားမဝင် မူးယစ်ဆေးတွေကို တင်ထားတယ် ဆိုတဲ့ ပင်လယ်ထဲက လှေပေါ်ကို စစ်သားတွေ ဆင်းနေပုံကို ညအမှောင်ထဲမှာ ရိုက်ထားတဲ့ ရုပ်သံကိုလည်း ရေတပ်က ဖြန့်ချိခဲ့ပါတယ်။
မက္ကဆီကို ရေတပ်ရဲ့ အဆိုအရ မူးယစ်ဆေး ၆ တန်ထဲမှာ ဆေးခြောက် ၅ တန်နီးပါးနဲ့ မက်သာဖက်တာမင်း စိတ်ကြွဆေးတွေ၊ ဖှန်တနောနဲ့ ဘိန်းဖြူတွေ ပါပါတယ်။