ဒေါ့မန်က စတူဂတ်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါမှာ ဒေါ့မွန်က အိမ်ကွင်းမှာ စတုဂတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို မိနစ် ၆၀ လောက်မှာ ပင်နယ်တီကနေ တဆင့် မားကို့စ် ရှု့စ်က သွင်းယူပါတယ်။ စတူဂတ်အတွက် ချေပဂိုးကို ၇၁ မိနစ်မှာ အနီးကပ် ခေါင်းတိုက်သွင်းယူပါတယ်။ စတူဂတ်ဟာ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒေါ့မွန်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက် ကန်သွင်းခွင့် ၉ ကြိမ်အထိ ရခဲ့ပါတယ်။ ဒေါ့မွန်အတွက် ဒုတိယဂိုးကို ၈၃ မိနစ်မှာ အယ်ကာဆာက တဖက်နောက်ခံလူတွေ ပိတ်ဆိုတဲ့ကြားထဲကနေ သွင်းယူပါတယ်။ အပိတ်ဂိုးကို ပွဲပြီးကာနီး မိနစ် ၉၀ မှာ ပူလစ်ဆစ်က သွင်းယူပါတယ်။ ဒေါ့မန်ဟာ ဒီပွဲနိုင်ပေမယ့် ၅၇ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်နဲ့ အမှတ်ခြင်း တူပေမယ့် သွင်းဂိုးနည်းတာကြောင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

More News
Up