မန်စီးတီးက ၀က်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား ဆက်ဦးဆောင် (ရုပ်သံ)

492
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီးက ၀က်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။
မန်စီးတီးအတွက် အနိုင်ဂိုး ၃ ဂိုးစလုံးကို တိုက်စစ်မှူး စတာလင်းက ဒုတိယပိုင်းမှာ သွင်းယူပြီး ဟက်ထရစ် ရသွားတာပါ။
မန်စီးတီးက အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲသလို ဂိုးပေါက် ကန်သွင်းခွင့် ၈ ကြိမ် ရခဲ့ပါတယ်။
ဝက်ဖို့ဒ်အတွက် တလုံးတည်းသော ချေပဂိုးကို ၆၆ မိနစ်မှာ ဒီလိုဖူးက သွင်းယူပါတယ်။ ၀က်ဖို့ဒ် ဒီပွဲမှာ တကြိမ်ပဲ ဂိုးပေါက် ကန်သွင်းခွင့်ရပြီး ချေပဂိုး ၁ ဂိုး ယူနိုင်ခဲ့တာပါ။
ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး စတာလင်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
ဒီပွဲနိုင်တဲ့ မန်စီးတီးက ၇၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်ဦးဆောင်နေပါတယ်။ ၀က်ဖို့ဒ်ကတော့ ၄၃ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။