Homeမြန်မာသတင်း
ခြေသလုံးတွင် ဘုရားဦးခေါင်းပုံ ဆေးမင်ကြောင်ထိုးထားသည့် ဂျာမနီနိုင်ငံသားကို ပြည်ဝင်ခွင့် မပေးဘဲ ပြန်ပို့
ခြေသလုံးတွင် ဘုရားဦးခေါင်းပုံ ဆေးမင်ကြောင်ထိုးထားသည့် ဂျာမနီနိုင်ငံသားကို ပြည်ဝင်ခွင့် မပေးဘဲ ပြန်ပို့
DVB
·
March 8, 2019
မင်္ဂလာဒုံမြို့နယ် ရန်ကုန်လေဆိပ်မှာ ခြေသလုံးမှာ ဘုရားဦးခေါင်းပုံနဲ့တူတဲ့ ဆေးမင်ကြောင်ထိုးထားတဲ့ ဂျာမနီနိုင်ငံသား ၁ ဦးကို ပြည်ဝင်ခွင့်မပြုဘဲ ပြန်ပို့ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၇ ရက်နေ့ မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်လေဆိပ် Terminal-1 ပြည်ပဆိုက်ရောက် လူဝင်မှုကြီးကြပ်ရေးဌာနကောင်တာမှာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ Jetstar လေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်ကို လိုက်ပါလာတဲ့ ဂျာမနီနိုင်ငံသား Mr. Volker Marcus (၄၄) နှစ်ရဲ့ ယာခြေသလုံးမှာ ဘုရားဦးခေါင်းပုံနဲ့ ဆေးမှင်ကြောင်ထိုးထားတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဂျာမနီနိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဝင်းမောင်က ပြည်ဝင်ခွင့်မပြုဘဲ သူလိုက်ပါလာတဲ့ Jetstar လေကြောင်းလိုင်းနဲ့ စင်ကာပူနိုင်ငံ၊ ချန်ဂီ လေဆိပ်ကို ပြန်လည်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။