Home
မြန်မာသတင်း
အမျိုးသမီးအခွင့်အရေးအတွက် မကွေးတိုင်း၊  ကြာကန်ရွာတွင် ပထမဆုံးအကြိမ်ဆန္ဒပြ
နော်နိုရင်း
·
March 7, 2019
နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့  မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ရွာမှာ အမျိုးသမီးအခွင့်အရေးတောင်းဆို ဆန္ဒပြပွဲကို ပထမဆုံးအကြိမ်ကျင်းပပါတယ်။ ဒီနေ့မနက်က ကြာကန်ရွာမှာ ဒေသခံအမျိုးသမီးတွေ စုပေါင်းပြီး အမျိုးသမီးတွေရဲ့ လူမှုဘ၀လုံခြုံရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကနေ ကာကွယ်ပေးရေးနဲ့ ကျေးလက်နေ အမျိုးသမီးတွေရဲ့ ၀င်ငွေရရှိရေး ဆောင်ရွက်ပေးဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပွဲဖြစ်မြောက်ရေး ဦးဆောင်ကျင်းပတဲ့ ကျေးလက်မြေအဖွဲ့က ဒါရိုက်တာမမူဆဲက “ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့ နေရာနဲ့ ခေါင်းဆောင်မှုထဲမှာ ပါဝင်ဖို့၊  မူဝါဒရေးရာရေးဆွဲတဲ့အချိန်မှာ အမျိုးသမီးတွေပါဝင်ဖို့၊ ငြိမ်းချမ်းရေး ကဏ္ဍ ၅ ခုစလုံးမှာ အမျိုးသမီးတွေပါဝင်ဖို့ စတဲ့အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ အမျိုသမီးဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ စီးပွားရေးအခွင့်အလမ်းရရှိရေး စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်ခဲ့ ကြတယ်” လို့ ပြောပါတယ်။ မတ်လ ၈ ရက်နေ့ဟာ  နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပြီး အမျိုးသမီးတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုနယ်ပယ် အသီးသီးမှာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ အရိုးစွဲယုံကြည်ချက်ကြောင့် အမျိုးသမီးတွေအပေါ်ခွဲခြားဖိနှိပ် အနိုင်ကျင့်မှုတွေကနေ လွတ်မြောက်ဖို့နဲ့ ကျားမတန်းတူ အခွင့်အရေးရရှိဖို့  ရည်ရွယ် ကျင်းပလာတာ နှစ်ပေါင်း ၁၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024