အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံကုန်သွယ်ရေး ပြန်လည်စတင်

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျော့ပါးပြီးနောက် မတ်လ ၆ ရက်က ငြိမ်းချမ်းရေး မျှော်လင့်ချက်နဲ့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပြန်စတင်ခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်စပ်လမ်းကို ပြန်ဖွင့်လိုက်တဲ့အတွက် မတ်လ ၅ ရက်က ကက်ရှ်မီးယား နယ်စပ်မှာ နှစ်နိုင်ငံ ကုန်စည်ဖလှယ်ရေး ပြန်စခဲ့တာပါ။ ပါကစ္စတန်နယ်စပ် ချာကိုသီမြို့ဆီ ကုန်ကား ၃၅ စီး ထွက်ခွာသွားသလို အလားတူ ကုန်ကားအရေအတွက်ဟာလည်း အိန္ဒိယဘက်ကို ဦးတည်မောင်းနှင်လာပါတယ်။ အူရီနယ်စပ်မြို့လေးမှာ မော်တာကျည်တွေ၊ လက်နက်ငယ်တွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ကြပြီးနောက် နယ်စပ်ကုန်သွယ်ရေးကို တစိတ်တပိုင်း ရပ်ဆိုင်းခဲ့တာပါ။ နယ်စပ်ထိန်းချုပ်မျဉ်းနားမှာ ပြုလုပ်တဲ့ ကုန်သွယ်ရေးဟာ ငွေကြေးနဲ့ ရောင်းဝယ်တာမျိုး မဟုတ်ဘဲ ကုန်စည်ချင်းဖလှယ်တဲ့ စနစ်နဲ့ ရောင်းဝယ်ကြတာပါ။ အိန္ဒိယဘက်ကနေ ဇီယာ၊ ဖာလာ၊ ငရုတ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်ပင် စတဲ့ ကုန်စည်တွေ တင်ပို့သလို ပါကစ္စတန်ဘက်ကလည်း ဝတ်ပြုခင်းလွှာ၊ ကော်ဇောနဲ့ ဆေးဖက်ဝင်အပင်တွေ ပြန်တင်ပို့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up