ချမ်း​အေးသာစံ အ.ထ.က (၅)တွင် ၇၃ နှစ်​အရွယ် ​အဘိုးအို စာမေးပွဲဖြေဆို

မန္တ​လေးတိုင်း​၊ ချမ်း​အေးသာစံမြို့နယ်​ရှိ အ​ခြေခံပညာအထက်​တန်း​ကျောင်း အမှတ်​ ၅ မှာ အသက်​ ၇၃ နှစ်​အရွယ်​ရှိ ဦးစိုင်း​အောင်​ညွန့်​က ဒီမနက်က​ တက္ကသိုလ်​တန်းဝင်​​မေးပွဲမှာ မြန်မာစာဘာသာရပ်ကို​ ​အောင်​မြင်​စွာ​ ဖြေဆိုနိုင်ခဲ့ပါတယ်​။ နိုင်​ငံခြားဘွဲ့နှင်းသဘင်တွေမှာ မကြာခဏ ဆိုသလို  သက်ကြီးရွယ်အိုတွေ ဘွဲ့ယူနေကြတာကိုမြင်​ပြီးအားကျမိတဲ့တွက် အသက်​ ၇၃နှစ်​အရွယ်​ ဦးစိုင်း​အောင်​ညွန့်​ဟာ အခုလို တက္ကသိုလ်​ဝင်​ စာ​မေးပွဲကို​ ဖြေဆိုဖြစ်​တာလို့ သိရပါတယ်​။ ဦးစိုင်း​အောင်​ညွန့်​ လာ​ရောက်​​ဖြေဆိုတဲ့ အ.ထ.က အမှတ်​ (၅) မှာ လာ​ရောက်​​ဖြေဆိုသူ ၈၀၀ ရှိပြီး  ဖြေဆိုဖို့ပျက်​ကွက်​သူ ၄၇​ ယောက်​ရှိပါတယ်​။ မန္တ​လေးတိုင်း​မှာ ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်​ဝင်​စာ​မေးပွဲ​ဖြေဆိုဖို့ စာရင်းပေးသူ​ပေါင်း ၁၁၆၈၁၉ ဦးရှိခဲ့ပြီး အခုနှစ်ပညာသင်နှစ်မှာတော့ ၁၂၃၆၁၈၁ ဦး တက္ကသိုလ်​ဝင်​စာ​မေးပွဲ​ဖြေဆိုဖို့ ​စာရင်း​​ပေးသွင်းထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up