ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ခေါ်ယူရန် ဥရောပ ထိပ်တန်းအသင်းများ ကြိုးပမ်း

ဂျာမန်ကလပ် ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်းကလပ်အသင်းတွေ အပြိုင်ကြိုးပမ်းနေပါတယ်။ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ဆားဘီးယား လူငယ်တိုက်စစ်မှူး ဂျိုဗစ်ဟာ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းအတွက် ၂၁ ဂိုးအထိ သွင်းယူထားပါတယ်။ ဂျိုဗစ်ရဲ့ခြေစွမ်းကို ဥရောပ ထိပ်တန်းကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ချဲလ်ဆီး၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ် စတဲ့အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဂျိုဗစ်ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကနေ ၂ နှစ် အငှားစာချုပ်နဲ့ ဖရန့်ဖတ်အသင်းကို ပြောင်းရွှေ့ကစားနေတာ ဖြစ်ပါတယ်။ ဖရန့်ဖတ်အသင်းအနေနဲ့ အပြီးသတ် ခေါ်ယူလိုတယ်ဆိုရင်တော့ ပေါင် ၅ သန်းလောက်နဲ့  ခေါ်ယူခွင့်ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ပြောင်းရွှေ့ကြေးတန်ဖိုးအရတော့ ဂျိုဗစ်ကို ခေါ်ယူလိုတဲ့အသင်းတွေ အနေနဲ့ ပေါင် ၅၂ သန်း ပေးချေနိုင်တယ်လို့ ဆိုပါတယ်။ ဖရန့်ဖတ်အသင်း အားကစားဒါရိုက်တာ ဘိုဗစ်ကတော့ ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ရာသီကုန်အထိ အချိန်စောင့်ပေးကြဖို့ ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up