DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဇဘဏ်သတင်း ဗဟိုဘဏ်ငြင်းဆို
DVB
·
October 5, 2012
ကမ္ဘောဇဘဏ်သတင်း ဗဟိုဘဏ်ငြင်းဆို
1 / 2
Donate to DVB

မြန်မာနိုင်ငံက  ပုဂ္ဂလိကဘဏ်တခုနဲ့ ပတ်သက်ပြီး ပြင်ပမှာထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလတွေသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အခိုင်အမာ  ငြင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ကမ္ဘောဇ ဘဏ်မှာ အခုရက်ပိုင်း ငွေသွင်းငွေထုတ် ပြုလုပ်သူတွေ များနေတဲ့အပေါ် ကောလာဟလ အမျိုးမျိုး ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ငွေရေးကြေးရေး သတင်းစစ်ဆေးရေးနဲ့ လေ့လာရေးဌာန၊ ဌာနကြီးမှူး ဦးအောင်ကျော်သန်းက ဒီသတင်းတွေ မဟုတ်မှန် ကြောင်း  ပြောကြားလိုက်တာပါ။

“သတင်းတွေက ကောလာဟလတွေဖြစ်တဲ့အကြောင်းနဲ့ ပုဂ္ဂလိက ဘဏ်တွေအပေါ် ယုံကြည်မှုရှိဖို့ ပြောချင်ပါတယ်။ ကြီးကြပ်ကွပ်ကဲမှုတွေနဲ့ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းကမ်းဥပဒေတွေနဲ့အညီ ကိုင်တွယ်နေပါတယ်။ ကျနော်တို့မှာ နေ့စဉ်စာရင်းဇယားတွေ ရှိပါတယ်။ ကျနော်တို့ဆီကို ဘဏ်အလိုက် ၁၉ ဘဏ်လုံး နေ့စဉ်ဇယားတွေ ပို့ရတယ်။ နေ့စဉ်ဘယ်လောက်သွင်းတယ်၊ ဘယ်လောက်ထုတ်တယ်ဆိုတာကို စည်းကမ်းဥပဒေနဲ့အညီ လုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့အတွက် လုပ်ငန်းတွေက အမြဲတမ်း တည်ငြိမ်ခိုင်မာစွာနဲ့ လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေတယ်။ ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေကို ပြည်သူတွေ အနေနဲ့ စိတ်ချယုံကြည်စွာနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ် လို့ ပြောချင်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ်အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က “ကောလာဟလတွေပါ။ ကျနော်တို့က လဆန်း ၁ ရက်နဲ့ ၅ ရက်ဆိုရင် လူကများနေကြ။ အဲရက်တွေမှာ အမီလာငွေထည့်မှသာလျှင် အတိုးရင်းပွား တက်တဲ့အထဲမှာ ၀င်တယ်ပေါ့။ နောက် ၂၀၁၂ ရဲ့ second quarter ဆိုတော့ အတိုးထည့်ပေးတယ်။ အဲတော့ သူတို့စာရင်းထဲကို အတိုးလာသပ်တဲ့လူ ၃ လ အတိုးလာသပ်တာ ရှိတာပေါ့။ နောက်တချို့ကျတော့လည်း အတိုးလာထုတ်တဲ့သူရှိတယ်။ ဒါကြောင့် လူတွေများတာပါ”  လို့ ပြောပါတယ်။

ပြည်တွင်းမှာ ပုဂ္ဂလိကဘဏ်ပေါင်း ၁၉ ခုရှိပြီး ကမ္ဘောဇဘဏ်ဟာ နိုင်ငံတ၀န်းဘဏ်ခွဲပေါင်း ၇၂ ခုထိ ဖွင့်ထားပြီး အောင်မြင်တဲ့ ဘဏ်တခု ဖြစ်ပါတယ်။

ဒီဘဏ်ရဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်က သတင်းစာရှင်းလင်းပွဲတခု မကြာခင် ပြုလုပ်သွားဖို့ အစီအစဉ်ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013