တက္ကသိုလ်ဝင်တန်းစာမေးပွဲများ နိုင်ငံတ၀န်း စတင်ကျင်းပ  

ဒီပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို မြန်မာတပြည်လုံး အတိုင်းအတာအနေနဲ့ မတ်လ ၆ ကျင်းပနေရာမှာ  ကျောင်းသား၊ ကျောင်းသူတွေဟာ မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုနေကြပါတယ်။ ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာတင်သွင်ထားတဲ့ ကျောင်းသားဦးရေ ၈၉၀၀၀၀ ကျော်ရှိပြီး အဲဒီကျောင်းသားတွေဟာ စာစစ်ဌာနပေါင်း ၁၈၀၀ ကျော်မှာ ၀င်ရောက်ဖြေဆိုနေကြတာပါ။ ဒီပညာသင်နှစ်မှာတော့ စာမေးပွဲဖြေဆိုဖို့ လျှောက်လွှာတင်သွင်းထားတဲ့ ကျောင်းသားဦးရေ ဟာ မနှစ်ကထက် ၅ သောင်းကျော်ပိုများပါတယ်။ ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ အရင်နှစ်တွေနဲ့မတူဘဲ စဉ်းစားတွေးခေါ်မှုကို ဦးစားပေး မေးမြန်းမယ့် မေးခွန်းပုံစံအဖြစ် ပြောင်းလဲစစ်ဆေးသွားမှာ ဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေမှာ စိုးရိမ်နေကြပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိ  မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီထိ ဘာသာရပ်အလိုက် စစ်ဆေးနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up