Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း ၁၅ခုခန့်  ထပ်တင်မည်
နေဖြိုးဝင်း
·
March 6, 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ လက်ရှိပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် (ပုဒ်မ ၂၆၁ ပုဒ်မခွဲ(ခ၊ ဂ၊ ဃ) ဥပဒေကြမ်းအပြင် နောက်ထပ်ဥပဒေကြမ်းတွေ ထပ်ဖို့ စီစဉ်နေပါတယ်။ မတ်လ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်မှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေ ကြမ်းတင်သွင်းခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ကျောင်းကုန်းမဲဆန္ဒနယ်က ဦးသိန်းထွန်းက မီဒီယာတွေကို ပြောတာပါ။ "ဒီတစ်ခုတင်မဟုတ်ဘူး နောက်ထပ်လည်း အများကြီးဆက်တင်ဖို့ ရှိတယ်။ ဆယ့်လေးငါးခု ဆက်တင်ဖို့ရှိတယ်။ တစ်ခုချင်း တစ်ခုချင်းတင်သွားမယ်။ ဒါကိုလည်း တင်တဲ့အခါမှာ ၂၀ ရာခိုင်နှုန်းညီမှ ဆိုတဲ့အတွက်ကြောင့် ညှိရတာပေါ့နော်။ ပြောရရင်တော့ ကျနော်တို့ အင်အားက ဘာပဲပြောပြော ပြည်သူ့လွှတ်တော်မှာ ၃၀ လောက် ပဲရှိတယ်။ အမျိုးသားလွှတ်တော်မှာ ၁၀ ယောက်လောက်ပဲဆိုတော့ ၄၀ လောက်ပဲရှိတယ်။ ဒါကို ၂၀ ရာခိုင်နှုန်းပြည့်ဖို့ဆိုတော့ တိုင်းရင်းသားတွေကိုလည်း ညှိရတယ်၊ တပ်မတော်ကိုလည်း ညှိရတယ်။ စသည်အားဖြင့်ပေါ့၊ ကိုယ်နဲ့ လားရာတူ ညှိရတယ်။ ညှိရတဲ့အတွက်ကြောင့် တခါတည်းတော့ မတင်နိုင်ဘူး။ သို့သော် ကျနော်တို့က ဒီ ပုဒ်မ၂၆၁ ကို စတင်ပြီးတာနဲ့ တောက်လျောက် တောက်လျောက်အနည်းဆုံး ဆယ့်ငါးခုလောက် တောက်လျောက် တင်မှာပေါ့ " လို့ ဦးသိန်းထွန်းက ပြောပါတယ်။ လက်ရှိ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်တွေဟာ တခုနဲ့တခု ချိတ်ဆက်နေတာကြောင့် အခုလို ပုဒ်မ တခုချင်းစီကို သီးခြားတင်သွင်းပြင်ဆင်ဖို့ မသင့်တာကြောင့် ဖွဲစည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းေ ဆာင်ရွက်သင့်တယ်လို့ မနေ့က  ပြည်ထောင်စုလွှတ်တော်မှာ ကော်မတီက အကြံပြုခဲ့ပါတယ်။ လွှတ်တော်ကော်မတီရဲ့ ခုလို အကြံပြုချက်ကို တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ အခုလို ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဒုတိယအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကို ဥပဒေနဲ့အညီ မဆောက်ရွက်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်နာယကကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံရဲ့ လက်မှတ် ကောက်ခံသွားမယ်လို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက  မီဒီယာတခုကို ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024