DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် တောင်ကိုရီးယား ချစ်ကြည်ရေးခရီး သွားမည်
DVB
·
October 5, 2012
သမ္မတဦးသိန်းစိန် တောင်ကိုရီးယား ချစ်ကြည်ရေးခရီး သွားမည်
Donate to DVB

သမ္မတဦးသိန်းစိန်ဟာ လာမယ့်သီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်မယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာလို့ ဖော်ပြထားပြီး ခရီးစဉ် အသေးစိတ်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

[caption id="attachment_31640" align="alignleft" width="258" caption="သမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် (ဓာတ်ပုံ- ရိုက်တာ)"][/caption]

တောင်ကိုရီးယား ယွမ်ဟတ်သတင်းမှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာ ၈ ရက်နေ့ကနေ ၁၀ ရက်ထိ တောင်ကိုရီးယားနိုင်ငံကို လာရောက်မှာဖြစ်ပြီး  နှစ်နိုင်ငံခေါင်းဆောင်တွေအကြား စီးပွားရေးနဲ့ ဒေသတွင်းကိစ္စတွေ ဆွေးနွေး ဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား သမ္မတ လီမြောက်ဘက်ဟာ ပြီးခဲ့တဲ့ မေလက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးနောက် အပြန်အလှန်အားဖြင့် သမ္မတဦးသိန်းစိန်ကို တောင်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013