Home
မြန်မာသတင်း
တနှစ်အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂သန်းကျော် ပြည်ပသို့ တင်ပို့နိုင်
ပိုင်စိုး
·
March 5, 2019
ပြီးခဲ့တဲ့တနှစ်အတွင်းမှာ မြန်မာနိုင်ငံက ဆန်နဲ့ ဆန်ကွဲ တန်ချိန် သိန်း ၂၀ ကျော် ပြည်ပကို တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ၂၀၁၈ ဧပြီ ၁ ရက်ကနေ ၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရက်အထိ ဆန်တန်ချိန် ၁၇ သိန်းခွဲလောက် (အိတ်ပေါင်း သိန်း ၃၄၀ ကျော်)နဲ့ ဆန်ကွဲ တန်ချိန် ၃၇၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံပေါင်း ၅၀ ကို ဆန်တင်ပို့ခဲ့ပြီး ဆန်ကွဲကတော့ ၂၁ နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ အရင်ကတော့ နယ်စပ်လမ်းကြောင်းကနေ အများစုကို တင်ပို့ခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်းက တင်ပို့တာ အတူတူလောက် ဖြစ်ပါတယ်။ ဒီအတွက် ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၇၀၀ လောက် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနှစ်ကတော့ ပြည်ပကို ဆန်တန်ချိန် ၁၁ သိန်းလောက် တင်ပို့ခဲ့တာဖြစ်လို့ ဒီနှစ် တင်ပို့တာ ၆ သိန်းလောက် ပိုလာပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ ပြည်ပပို့တဲ့ ဆန်ဈေးနှုန်း တွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လကထက် ပျမ်းမျှအားဖြင့် လျော့သွားတာကို တွေ့ရပါတယ်။ လက်ရှိမှာ ဆန်နဲ့ ဆန်ကွဲကို တရုတ်နိုင်ငံကို တရားဝင် တင်ပို့ခွင့်ရရေး ဆွေးနွေးနေသလို အင်ဒိုနီးရှားနိုင်ငံကိုလည်း တင်ပို့ဖို့ ကြိုးစားနေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024