DVB Logo
Home
မြန်မာသတင်း
စည်းလုံးကြရန် ကေအန်ယူကို ကရင်လူထုနှင့် ပါတီများ တိုက်တွန်း
DVB
·
October 5, 2012
စည်းလုံးကြရန် ကေအန်ယူကို ကရင်လူထုနှင့် ပါတီများ တိုက်တွန်း
Donate to DVB

အများအကျိုးအတွက် အေကန်ယူအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုရှိကြဖို့ ပြည်တွင်းပြည်က ကရင်လူထုနဲ့ ကရင်နိုင်ငံရေး ပါတီတွေက  တိုက်တွန်းလိုက်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာနတာဝန်ခံ ပညာရေးဌာနမှူး ဗိုလ်မှူး ရောဂျာခင်တို့ကို ကေအန်ယူဗဟိုက တာဝန်ကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ကေအန်ယူအဖွဲ့တွင်း ကွဲသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ဝေဖန်မှုတွေထွက်နေချိန်မှာ ပြည်တွင်းပြည်ပက ကရင်အသိုင်းအ၀ိုင်းက အခုလို သတိပေးတိုက်တွန်းမှုတွေ ပြုလုပ်လိုက်တာပါ။

ရန်ကုန်အခြေစိုက် တရားဝင် နိုင်ငံရေးပါတီတခုဖြစ်တဲ့  ကရင်ပြည်သူ့ပါတီ ကတော့  အရေးကြီးတဲ့ အခုလိုအချိန်ကာလမှာ ကရင်တွေအချင်းချင်း စည်းလုံးညီညွတ်မှုရှိကြဖို့ ကေအန်ယူဆီ စာရေးသား ပေးပို့တိုက်တွန်းထားတယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး စောစေးဝါးက ပြောပါတယ်။

“အဓိကက ငြိမ်းချမ်းရေးလိုချင်လို့ပါ။ တိုင်းပြည်အတွက်လည်း ငြိမ်းချမ်းရေးလိုချင်တယ်။ ကရင်ပြည်သူလူထုအတွင်းမှာလည်း ငြိမ်းချမ်းစေချင်တယ်။ နိုင်ငံရေးလောကမှာ ဒီလိုပဲ အမြင်မတူတာတွေ၊ ပုဂ္ဂိုလ်ရေးပြဿနာတွေ၊ ဒါတွေဖြစ်တတ်ပါတယ်။ အဓိကက သည်းခံစိတ်ရှိဖို့ပါပဲ။ မေတ္တာကိုအခြေခံပြီးတော့ သည်းခံစိတ်တရားလေးနဲ့ ကိုယ့်အမျိုးသားအတွက် အကောင်းဆုံးလုပ်ပေးကြဖို့ပဲ လိုပါတယ်။”

ကေအန်ယူဆီ ရေးသားပေးပို့တဲ့ ကရင်ပြည်သူ့ပါတီရဲ့စာထဲမှာတော့    ငြိမ်းချမ်းရေးရရှိဖို့အတွက် ကရင်အမျိုးသားအချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုအပ်နေပြီး ချစ်ခြင်း၊ စည်းလုံးခြင်းနဲ့ တသားတည်ရှိနေဖို့ လိုတယ်လို့ ပါရှိပါတယ်။

အလားတူ ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့  ကရင်ဒီမိုကရက်ပါတီကလည်း နိုင်ငံရေးအရဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ သဘောထားကွဲလွဲမှုတွေရှိနေပေမယ့်  ကရင်လူထုအကျိုးအတွက် ဦးတည် လုပ်ဆောင်ဖို့လိုတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးစောသန်းကျော်ဦးက ပြောပါတယ်။

“ထုတ်ပယ်တာတို့ ဘာတို့ကတော့ ကေအန်ယူရဲ့အပိုင်းပေါ့လေ။ အန်ကယ်တို့ကျတော့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်လူထုအကျိုးအတွက် ကောင်းမယ့် အလုပ်တခုခု လုပ်ဆောင်နိုင်ရင် ပြီးတာပါပဲ။”

စစ်ဦးစီးချုပ်အပါအ၀င် ဗဟိုကော်မတီ ၂ ဦး  ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ ကေအန်အယ်လ်အေ ဆက်ဆံရေးရုံးဖွင့်တာဟာ ကေအန်ယူ ဌာနချုပ် သဘောထားမဟုတ်ဘူးလို့ ကေအန်ယူက စာထုတ်ပြန်ခဲ့ပြီးနောက် သူတို့ ၃ ဦးကို တာဝန်ကနေ ဖယ်ရှားခဲ့ပါတယ်။

ဖယ်ရှားခံရတဲ့ ခေါင်းဆောင် ၃ ဦးရဲ့အောက်မှာ ကေအန်ယူလက်နက်ကိုင် တပ်ဖွဲ့အများစု ရှိနေပြီး ဒီအဖြစ်အပျက်ကြောင့် ကေအန်ယူထပ်ပြီး ကွဲနိုင်တယ်လို့ သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

ပြည်ထောင်စု ကရင်အမျိုးသားအဖွဲ့ချုပ် (ယူကေအယ်လ်) ဥက္ကဋ္ဌ ဦးစောမောင်ချောကတော့ အခုလို ကေအန်ယူအဖွဲ့တွင်း ရာထူးက ဖယ်ရှား ပြောင်းလဲမှုတွေကြောင့်  အဖွဲ့ကွဲမယ်လို့တော့ မထင်ဘူးလို့ ပြောပါတယ်။
ဥရောပရောက် ကရင်ကွန်ရက်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ကြားဝင်ညှိနှိုင်းပေးနေသူတွေက  သွေးခွဲတယ်လို့ သံသယရှိကြောင်း အောက်တိုဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013