ကာတာလေကြောင်းလိုင်း ဒိုဟာ-ရန်ကုန် ခရီးစဉ် စတင်ပြေးဆွဲ
DVB
·
October 5, 2012
အာရပ် ထိပ်တန်းလေကြောင်းလိုင်း တခုဖြစ်တဲ့ ကာတာ လေကြောင်းလိုင်းဟာ ကာတာနိုင်ငံ ဒိုဟာမြို့ကနေ ရန်ကုန်မြို့ကို နေ့စဉ်ပျံသန်း သွားဖို့ ရှိတယ်လို့ ကြေညာလိုက်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မနေ့က ကျင်းပတဲ့ လေကြောင်း ဖွင့်ပွဲအခမ်းအနားမှာ ကြေညာလိုက်တာဖြစ်ပြီး အောက်တိုဘာ ၃ ရက်ကစပြီး ၁ ပတ်လျှင် ၃ ကြိမ်နဲ့ လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့ကစလို့ နေ့စဉ် ပျံသန်း ပြေးဆွဲတော့မှာလို့ ဆိုပါတယ်။
ကာတာလေကြောင်းလိုင်းဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ၊ မနီလာ၊ ဂျကာတာ စတဲ့ မြို့ပေါင်း ၉ မြို့ကို ပြေးဆွဲပေးနေတာဖြစ်ပြီး ရန်ကုန်မြို့ကတော့ ၁၀ မြို့မြောက်ဖြစ်ပါတယ်။