ဘင်ဖီကာ ကစားသမား ၂ ဦးကို ခေါ်ယူရန် မန်ယူ ကြိုးပမ်းမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းရဲ့ ကြယ်ပွင့်ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်ရှိ နောက်ခံလူ ရူဘန်ဒီယက်စ်နဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျာအိုဖီလစ်တို့ဖြစ်ပြီး ပေါင် ၁၅၅ သန်းလောက် အသုံးပြုရဖို့ ရှိနေတယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြသွားပါတယ်။ ရူဘန်ဒီယက်စ်နဲ့ ဖီလစ်တို့နှစ်ဦးကို မန်ယူအသင်း ကင်းထောက်တွေက စဉ်ဆက်မပြတ် စောင့်ကြည့်နေခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးက ပေါ်တူဂီမြေမှာ ခြေစွမ်းပြနေကြတာလည်း ဖြစ်ပါတယ်။ နောက်ခံလူ ဒီယက်စ်ဟာ ပေါ်တူဂီလိဂ်မှာ ဦးဆောင်နေတဲ့ ဘင်ဖီကာအသင်းအတွက်  တပွဲပဲ လွဲချော်ခဲ့ပြီး ပွဲတိုင်း ပါဝင်ကစားခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူ ဒီယက်စ်ဟာ မန်ယူအသင်း အလိုရှိနေတဲ့ ကစားဟန်ရှိပြီး ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းခန့် ပေးချေရနိုင်တယ်လို့ ဆိုပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ ဖီလစ်ကတော့ အသက် ၁၉ နှစ်ပဲ ရှိသေးပေမယ့် ဘင်ဖီကာအသင်း ကွင်းလယ်မှာ ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းအတွက် ၇ ဂိုးသွင်း၊ ၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up