ရေနံချောင်းမြို့နယ်တွင် ဆိုလာပြားကတဆင့် မီးလောင်
DVB
·
March 4, 2019
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာမှာ မနေ့ညနေ ၃ နာရီလောက်က အိမ်ခေါင်မိုးပေါ်တင်ထားတဲ့ ဆိုလာပြားကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့လို့ လူနေအိမ်တချို့ မီးထဲပါသွားပါတယ်။
ဥသျှစ်ကုန်းကျေးရွာ၊ ရွာလယ်ရှိ မမြင့်မြင့်ထွေးရဲ့နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး လူနေအိမ် ၅ လုံး၊ နွားတင်းကုပ် ၄လုံး၊ ဆိုင်ကယ်၂စီး၊ ပဲခွဲစက် ၁စက်၊ နွားစာစဉ်းစက်၁ခု၊ နွားလှည်း ၃စီး အပါအ၀င် ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၄ သိန်းကျော် ရှိခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မီးလောင်တဲ့နေရာကို မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် ၃ စီး၊ အဖြူရောင်တွဲလက် ညီအကိုများ ပရဟိတအဖွဲ့နဲ့ ရွှေကြာပရဟိတ အသင်းက ရေသယ်ယာဉ်တွေက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ၊ ၃နာရီခွဲလောက်မှာ မီးငြိမ်းသွားပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ကို မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူဖို့ ဆောင်ရွက် နေပါတယ်။
ကိုလင်း(ချောက်)