DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့ပေါ်တွင် လူနေအိမ်များရှေ့ ရခိုင်အလံများစိုက်ထူ
DVB
·
March 4, 2019
မြောက်ဦးမြို့ပေါ်တွင် လူနေအိမ်များရှေ့ ရခိုင်အလံများစိုက်ထူ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်က ရပ်ကွက် ၈ ခုလောက်မှာ နေထိုင်ကြတဲ့ လူနေအိမ်ရှေ့ တော်တော်များများမှာ ရခိုင်အလံတွေကို  မတ်လ ၃ ရက်က စတင်ပြီး စိုက်ထူနေကြပါတယ်။

ရခိုင်ပြည်နယ်အလံ စိုက်ထူထားကြတဲ့ ရပ်ကွက်တွေထဲမှာ  အထက်လမ်း၊ ဘီလူးကန်၊ ကြာကန်စု၊ လောကမူ၊ ကျောက်ရစ်ကေ၊ ဘုရားပေါ်၊ ဝါဇေးနဲ့ ပြင်ဇေးစတဲ့ မြောက်ဦးမြို့ ပေါ်ရပ်ကွက်တွေ ပါဝင်ပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့ တိုက်ပွဲတွေဖြစ်နေရာမှာ မြောက်ဦးမြို့နယ်က ရန်အောင်ပြင်၊ ကျောက်ဆည်ပြင်၊ ပေါက်ပင်ကွင်းနဲ့ ပြိုင်းရှားစတဲ့ ကျေးရွာ ၄ ရွာက အုပ်ချုပ်ရေးမှူးတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး မတ်လ ၁ ရက်က မတရား အသင်းဆက်သွယ်မှုပုဒ်မနဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။

အဲဒီနောက်မှာ မြောက်ဦးမြို့နယ်က အုပ်ချုပ်ရေးမှူး ၉၀ လောက်ကလည်း တာဝန်က ရပ်စဲဖို့ တပြိုင်နက်တည်း နှုတ်ထွက်စာတင်ခဲ့ကြသလို ဒေသခံတွေကလည်း အခုလို နေအိမ်တွေမှာ အလံစိုက်ထူ လာကြတာပါ။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ထွန်းနေဝင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013