ချဲလ်ဆီးက ဖူလ်ဟမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 4 March, 2019
857
0
Share
0
Comment
0
Likes
VIDEO
ချဲလ်ဆီးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ မနေ့က ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံး အဝေးကွင်းနိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ စပါးကို အနိုင်ရခဲ့တဲ့ပွဲစဉ်က ကစားသမားစာရင်းကို ၅ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၆ မိနစ်မှာပဲ တိုက်စစ်မှူး ဟီဂူအင်က ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဖူလ်ဟမ်အသင်းက ပွဲချိန် ၂၇ မိနစ်မှာ ချန်ဘာရဲ့ဂိုးနဲ့ ချေပဂိုးပြန်ရခဲ့ပါတယ်။
ဒါပေမယ့် နောက်ထပ် ၄ မိနစ်အကြာမှာပဲ ဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့ပြီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးတွေ ကိုယ်စီရခဲ့ပေမယ့် ဂိုးရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ကြလို့ ချဲလ်ဆီးအသင်းက ပထမပိုင်းရလဒ်အတိုင်းပဲ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနိုင်ပွဲဟာ ချဲလ်ဆီးအသင်းအတွက် ၂၀၁၉ ခုနှစ်အတွင်းမှာ ပထမဆုံး အဝေးကွင်းနိုင်ပွဲဖြစ်ခဲ့ပြီး ပထမဆုံး အဝေးဂိုးတွေလည်း သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ အဆင့်လေးက မန်ယူအသင်းထက် တပွဲလျော့ ၂ မှတ်အကွာနဲ့ အဆင့် ခြောက်နေရာမှာ ရပ်တည်နေပါတယ်။