ပင်နယ်တီမ၀င်သည့် အူဘာမီယန်းကို အာဆင်နယ်ပရိသတ်များ အပြင်းအထန် ဝေဖန်

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်းဟာ စပါးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် အသင်းရဲ့ ပရိသတ်အများစုက အပြင်းအထန်ဝေဖန်နေကြပါတယ်။ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ စပါးကို အနိုင်ယူပြီး ၃ မှတ်ရရှိနိုင်မယ့် အခွင့်အရေးကောင်းကို ရရှိခဲ့ပေမယ့် အဆိုပါဂါဘွန်းတိုက်စစ်မှူးက ဖြန်းတီးပစ်ခဲ့တယ်လို့ အသင်းပရိသတ်တွေက ဒေါသထွက်နေကြတာပါ။ ပွဲကစားချိန် မိနစ် ၉၀ မှာ စပါးနောက်ခံလူ ဆန်းချက်ဇ်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို အူဘာမီယန်း ကန်သွင်းခဲ့ပေမယ့် ကန်ချက်ဟာပျော့ခဲ့လို့ စပါးဂိုးသမား လိုရစ်က ပုတ်ထုတ်နိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ရမ်ဆေးရဲ့ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် စပါးတို့ ပင်နယ်တီရရှိခဲ့တာကို ဟယ်ရီကိန်းက အမှားအယွင်းမရှိကန်သွင်းပြီး တဖက်တဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ အူဘာမီယန်းဟာ တိုက်စစ်မှူးတဦးအနေနဲ့ အဆိုးရွားဆုံး ပင်နယ်တီကန်သွင်းတဲ့ ပုံစံဖြစ်တယ်လို့ ပရိသတ်တွေက ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး အရေးပါတဲ့ ပွဲစဉ်ဖြစ်ပေမယ့် အခွင့်ရေးကို အရယူမပေးနိုင်ခဲ့တဲ့ အူဘာမီယန်းကို ပရိသတ်တွေက ယုံကြည်မှုလျော့နည်းနေပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up