မြန်မာစကားမပျက်စီးရေးအတွက် ဗန်းစကားမသုံးရန်လိုဟု စာပေပညာရှင်များ ပြော
DVB
·
March 3, 2019

မြန်မာစကားမပျက်စီးအောင် နေရာတိုင်းမှာ ဗန်းစကားတွေမသုံးဖို့လိုတယ်လို့ မြန်မာ့ စာပေပညာရှင်တွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။
အခုချိန်မှာ ခေတ်လူငယ်တွေဟာ မြန်မာစကားသုံးနှုန်းမှု အားနည်းနေတာတွေ့ရပြီး ဗန်းစကား သုံးနှုန်းမှုတွေက များလာပါတယ်။
ဒါေ ကြာင့် မြန်မာစကားမပျက်စီးအောင် နေရာတိုင်းမှာ ဗန်းစကားတွေမသုံးဖို့လိုပါတယ်။ ဗန်းစကားတွေဟာ ခေတ်နဲ့အညီထွက်ပေါ်နေပေမယ့် ဂန္တ၀င်စာပေအဖြစ်အတည်မယူဖို့တော့ လိုတယ်လို့ မတ်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် တက္ကသိုလ် ကောလိပ်ပေါင်းစုံ မြန်မာစကားစွမ်းရည်ပြိုင်ပွဲကို တက်ရောက်လာတဲ့ စာရေးဆရာမောင်သာချိုက ပြောပါတယ်။
ဒါ့အပြင် မသိနားမလည်တဲ့ ကလေးတွေအတွက် ဒီဗန်းစကားတွေကို တကယ်မှတ်ယူ သွားမယ်ဆိုရင် မြန်မာ့စာပေ၊ မြန်မာစကားနဲ့ပတ်သက်လို့ တိုင်းပြည်နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေ၊ မြန်မာဆရာကြီးတွေအနေနဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် လှုံ့ဆော်ပေးဖို့လိုတယ်လို့ ရုပ်ရှင်သရုပ်ဆောင်က အရိုင်းက ပြောပါတယ်။
မြန်မာစာ၊ မြန်မာ့စာပေ၊ မြန်မာအရေးသားတွေဟာ တခြားဘာသာစကားတွေနဲ့ပိုပြီး ခက်ခဲတယ်လို့ မြန်မာ့စာပေပညာရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။
နေလင်းအောင်