အမေရိကန်တွင် အဆောက်အဦတလုံးပေါ် လေယာဉ်ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဖို့ထ်လောင်ဒါဒေးလ်အရပ်က အဆောက်အဦ တလုံးပေါ်ကို လေယာဉ်အသေးစားတစီး မတ် ၁ ရက်က ပျက်ကျခဲ့လို့ လေယာဉ်မှူး သေဆုံးပါတယ်။ လေယာဉ်ဟာ အထပ်မြင့် ကွန်ဒိုမီနီယံ တလုံးပေါ်ပျက်ကျအပြီး ဆောက်လက်စ လေဟာပြင် ရေကန်တခုပေါ် တည့်တည့် ပြုတ်ကျခဲ့ပါတယ်။ ဝင်တိုက်တဲ့ ပြင်းအားကြောင့် အဆောက်အဦမှာ အပေါက်ကြီး ဖြစ်ကျန်သလို လေယာဉ် ဟာလည်း မြေပေါ်မှာ ပုံပုံကျ ပျက်စီးခဲ့တာပါ။ တခြားလူတွေ ဒဏ်ရာရတာ မရှိပါဘူး ဒါပေမယ့် အဆောက်အဦမှာနေတဲ့ သူတွေကို ခြံဝင်းထဲကနေ ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဘာကြောင့် လေယာဉ်က အဆောက်အဦကို ဝင်တိုက်ရတာလဲ ဆိုတာ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up