A d v e r t i s e m e n t With Us

Air Asia မန္တလေး-ဘန်ကောက် ခရီးစဉ် စတင်ပြေးဆွဲ

Air Asia ရဲ့ မန္တလေး-ဘန်ကောက်ခရီးစဉ် စတင်ပျံသန်းခြင်းနဲ့ ပထမဆုံး AirAsia Travel Service Centre ဖွင့်လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ရုံးတည်ရှိရာ မန္တလေးမြို့ ၂၆ ဘီလမ်း၊ ၇၈ နဲ့ ၇၉ လမ်းကြားမှာ ပြုလုပ်ပါတယ်။ Air Asia လေကြောင်းလိုင်းက တပတ်ကို ၄ ကြိမ် စတင်ပျံသန်းပေးသွားဖို့ ရှိနေပြီး မန္တလေး-ဘန်ကောက် အသွား (ဒါမှမဟုတ်) အပြန် တကြောင်းစာကို US $ 79 နဲ့ ဒီလ ၄ ရက်ကနေ ၁၀ ရက်နေ့အထိ သတ်မှတ် ရောင်းချပေးနေကြောင်း သိရပါတယ်။ ဒီဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ ဘဏ္ဍနဲ့အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးဖုန်းဇော်ဟန်နဲ့ ဖိတ်ကြားထားတဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ လက်မှတ် အရောင်းကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up