DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာအခွန်သတင်း မီဒီယာ ဆက်သွယ်မေးမြန်းနိုင်
DVB
·
October 4, 2012
ဘဏ္ဍာအခွန်သတင်း မီဒီယာ ဆက်သွယ်မေးမြန်းနိုင်
Donate to DVB

ဗဟိုဘဏ်အပါအ၀င် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်ပေးဖို့ ဒုဝန်ကြီးခေါင်းဆောင်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။

မီဒီယာနဲ့ မပြောဖို့ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ညွှန်ကြားချက် ထုတ်ပြန်ထားတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အဲ့ဒီသတင်း မဟုတ်တဲ့အကြောင်းနဲ့ သတင်းထုတ်ပြန်ရေး အတွက် ဆောင်ရွက်ထားပုံကို ၀န်ကြီးဌာနအဖွဲ့ခွဲမှူး ဦးကြည်ဇင်ထွန်းက အခုလို ပြောပါတယ်။

[caption id="attachment_31603" align="alignleft" width="300" caption="ဗဟိုဘဏ်(နေပြည်တော်)က ၀န်ထမ်းတဦး (ဓာတ်ပုံ- ရိုက်တာ)"][/caption]

“မီဒီယာနဲ့မတွေ့ဖို့တော့ မညွှန်ကြားဘူး။ ကျနော်တို့ ဒု-၀န်ကြီးကလည်း သတင်း ထုတ်ပြန်ရေးခေါင်းဆောင်လေ၊ သူကလည်း မီဒီယာနဲ့တွေ့ဖို့ အားပေးနေတာ ။ ဒေါက်တာမောင်မောင်သိန်း (ဒု-၀န်ကြီး) ခေါင်းဆောင်ပြီးတော့ ပြည်တွင်း အခွန်ညွှန်ချုပ်ပါတယ်။ အကောက်ခွန်ညွှန်ချုပ်ပါတယ်။ ပင်စင်ညွှန်ချုပ်ပါတယ်။ အားလုံးပေါင်း ၆ ယောက်။ အတွင်းရေးမှူးက ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း။ အဲအဖွဲ့ကနေ ပြည်သူလူထု သိသင့်တဲ့ သတင်းတွေဆို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့၊ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်ပြီး ဆောင်ရွက်သင့်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ နောက်တခါ နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဌာနများက မေးမြန်းတာတွေကို  ဒီအဖွဲ့ကနေ ဖြေကြားပေးဖို့ ၊ နောက် လက်အောက်ခံမှာ ဌာန ၁၁ ခုရှိတယ်။ သူတို့တွေက ဘာထုတ်ပြန်ချင်တယ်၊ ဘာပြောချင်တယ်၊ ဘာသတင်းတွေပေးချင်တယ် ဒါတွေကို သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်ဆောင်ရွက်ဖို့ မူတွေချထားပါတယ်။”

ဗဟိုဘဏ်က မီဒီယာမပြောနဲ့ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ်က အထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ်က အခုလိုပြောပါတယ်။

“မီဒီယာတွေကို မပြောနဲ့လို့ မပြောထားဘူး။ ကျနော်သိသလောက်တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ပြောဖို့ အဲလိုပုံစံမျိုးပြောတာပါ။ တချို့ပြောလိုက်ပြီးရင် တချို့မီဒီယာတွေက ပြောတာနဲ့ ရေးတာ နည်းနည်းလွဲနေတာတွေ့ရတယ်လေ။ တချို့လူတွေကပြောတာတော့ အမှန်ပြောလိုက်တယ်။ ဒါပေမယ့် အချက်အလက်တွေ လွဲမှားတာတွေ တွေ့ရတယ်လေ။”

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ သိလိုတာရှိရင်  အဖွဲ့ရဲ့အတွင်းရေးမှူး ဦးမောင်မောင်ဝင်း ဖုန်းနံပါတ် ၀၁ - ၄၁၀ ၄၅၀ ကိုဆက်သွယ်နိုင်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013