ဗင်နီဇွဲလား သံတမန်များ၏ အသိအမှတ်ပြုလွှာ ရုပ်သိမ်းမည်ဟု ပီရူးပြော

ဗင်နီဇွဲလား သမ္မတ မာဒူရို ခန့်အပ်ထားတဲ့ သံတမန်တွေရဲ့ အသိမှတ်ပြုလွှာတွေကို ရုပ်သိမ်းမယ်လို့ ပီရူးဒုတိယနိုင်ငံခြားရေး ၀န်ကြီးက မတ် ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပီရူးဟာ ဟွမ်ဂွယ်ဒိုကို သမ္မတအဖြစ် အသိမှတ်ပြုတာမို့ မာဒူရိုခန့်အပ်ထားတဲ့ သံတမန်တွေအနေနဲ့  သူတို့ရဲ့ အသိမှတ်ပြုလွှာတွေကို ၁၅ ရက်အတွင်း ပယ်ဖျက်ဖို့ မြို့တော် လီမာမှာရှိတဲ့ ဗင်နီဇွဲလားသံရုံးကို အကြောင်းကြားစာ ပို့ထားတယ်လို့ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ဟူဂို ဒီဇယ်လာက ဆိုပါတယ်။ အဲဒီကာလဟာ မတ်လ ၉ ရက်နေ့မှာ ကုန်ဆုံးမှာမို့ သူတို့ရဲ့ သံတမန်လုပ်ငန်းဆောင်တာတွေဟာလည်း ရပ်စဲမယ်လို့ ဟူဂို ဒီဇယ်လာက ပြောပါတယ်။ မတ်လ ၉ ရက်နေ့ကစလို့ ဗင်နီဇွဲလား သံရုံးဝန်ထမ်းတွေဟာ ပီရူးနိုင်ငံမှာ  တရားမ၀င် ရောက်ရှိနေတယ်ဆိုပြီး သူတို့ကို အကြောင်းကြားခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဇယ်လာက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up