DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး ဗြိတိန်သံအမတ် သွားရောက်လေ့လာစုံစမ်း
DVB
·
October 4, 2012
ရခိုင်အရေး ဗြိတိန်သံအမတ် သွားရောက်လေ့လာစုံစမ်း
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Andrew Heyn နဲ့ အဖွဲ့ဟာ အောက်တိုဘာ ၂ ရက် ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

စစ်တွေက ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၀ံလက် ကျေးလက်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အပါအ၀င် လူမှုအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေနဲ့ စစ်တွေမြို့က northern ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

[caption id="attachment_31599" align="alignleft" width="300" caption=" ဗြိတိန်သံအမတ်ကြီး Mr. Andrew Heyn"][/caption]

သံအမတ်က ဘာကြောင့်လာတွေ့တာလဲ ဆိုတာကို တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ၀ံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးသိန်းထွန်းအေးက အခုလိုပြောပါတယ်။

“သူပြောတာက အခုလောလောဆယ် ဒီဘက်မှာ ရခိုင်၊ ဘင်္ဂလီဆိုပြီး ရခိုင်ပြည်မှာ အစုအဖွဲ့ ၂ ခုရှိတယ်။ အဲ့အစုအဖွဲ့ ၂ ခုက ပြဿနာဖြစ်နေတယ်။ ဒါကို ဘယ်လိုဖြေရှင်းရမလဲ၊ သူတို့အနေနဲ့ ဘာတွေကူညီသင့်လဲဆိုပြီး လာတွေ့တာလို့ ပြောပါတယ်။”

ဝံလက်ဖောင်ဒေးရှင်းက ပြန်လည်ဆွေးနွေးရာမှာ ရခိုင်ပြည်နယ်ကို အင်္ဂလိပ်တွေ နှစ်ပေါင်းရာနဲ့ချီသိမ်းပိုက်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားကတည်းက အခု သံအမတ်ကြီး လာတွေ့တာ ပထမဆုံးဖြစ်တဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ပါတယ်။

“အစုအဖွဲ့ ၂ ခုဆိုပေမယ့် တတိုင်က ကျနော်တို့ဒေသခံဖြစ်တယ်၊ တိုင်းရင်းသားဖြစ်တယ်၊ မြေပိုင်ရှင်ဖြစ်တယ်။ ဟိုဘက်က ဘင်္ဂလားက ခိုးဝင်လာတဲ့လူနဲ့ တတန်းထဲ ထားပြီး ဆက်ဆံမယ်ဆိုရင် သဘာဝမကျဘူးလို့ မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။”

တွေ့ဆုံချိန်တိုတောင်းတာကြောင့် အပြည့်အစုံ တင်ပြဆွေးနွေးခွင့်တော့ မရခဲ့ဘူးလို့ ဦးသိန်းထွန်းအေးက ပြောပါတယ်။

ဗြိတိန်သံအမတ်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် စတဲ့ ဒေသတွေဘက် ဆက်လက်သွားရောက်ပြီး ဒေသခံရခိုင်တွေ၊ ဘင်္ဂါလီတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သိရပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ သံအမတ်ကြီးကိုယ်တိုင် ရခိုင်အရေး သွားရောက်စုံစမ်းလေ့လာတာ ပထမအကြိမ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲ ၂ ရက်ကြာ သွားရောက်လေ့လာ စုံစမ်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013