Home
မြန်မာသတင်း
ဌာနဆိုင်ရာများ သိမ်းဆည်းမြေပြန်စွန့်လွှတ်မှ မြေယာပြဿနာပြေလည်မည်ဟု ပဲခူးတိုင်း ၀န်ကြီးချုပ်ပြော
DVB
·
March 2, 2019
မြေယာပြတ်ဿနာတွေ ဖြေရှင်းရာမှာ သက်ဆိုင်ရာ ဌာနတွေက သိမ်းဆည်းမြေယာတွေကို ပြန်လည်စွန့်လွှတ်ဖို့ လိုအပ်တယ်လို့ ပဲခူးတိုင်ဝန်ကြီးချုပ်က ပြောပါတယ်။ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ဒေသခံပြည်သူတွေနဲ့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တွေ့ဆုံပွဲကို မနေ့က တွေ့ဆုံပွဲမှာ ပြည်သူတွေ တိုင်းကြားမှုအများဆုံးမှာ မြေယာပြဿနာ ဖြစ်ပါတယ်။ "ဖြေရှင်းတဲ့အခါမှာ မြန်မြန်ဆန်ဆန်ဖြေရှင်းပေးလို့ရတာ ရှိသလို မပြတ်မသားဖြစ်နေတာတွေလည်း ရှိတယ်။ တနည်းအားဖြင့် မစွန့်လွှတ်သေးတဲ့ ဌာနဆိုင်ရာတွေ သမတွေ၊ စသည်ဖြင့်ပေါ့၊ နောက်တပ်မတော်ကအစပေါ့။ ကျနော်တို့က သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက စွန့်လွှတ်ပေးလိုက်ရင် ဇာတ်လမ်းက ပြတ်သွားတာပေါ့။ တယောက်နဲ့တယောက်လည်း အမြင်ရှင်းသွားတာပေါ့။ မြေပြန်မစွန့်ဘူးဆိုရင်လည်း ငွေကြေးလျှော်ကြေးတခုတော့ ပေးရမယ်။ မြေကို စွန့်လွှတ်ပေးနိုင်ရင် အကောင်းဆုံးပါ" လို့ ပဲခူးတိုင်ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။ အခုလို တွေ့ဆုံပွဲတွေကို မကြာခဏလုပ်ပေးစေချင်သလို အခုလို ပွင့်လင်းမြင်သာစွာတွေ့ဆုံရတဲ့အတွက် အားရကျေနပ်တယ်လို့ တောင်သူ ဦးမြသိန်းက ပြောပါတယ်။ တွေ့ဆုံပွဲကို ဒေသခံ ၂၅၀ ကျော်တက်ရောက်ခဲ့ပြီး တင်ပြဆွေးနွေးသူ ၃၀ ကျော်နဲ့ တိုင်ကြားစာပေါင်း ၂၀ ကျော်ကို ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024