ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲ တောင်ကြီးတွင် ပြုလုပ်
DVB
·
March 2, 2019
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အဆိပ်ဖြစ်တယ်။ ပြည်သူတွေက ပြင်ဆင်ချင်တယ် မထောက်ခံဘူး၊ တတ်နိုင်ရင် အသစ်ရေးဆွဲစေချင်တယ်” လို့ ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံကြိုဆိုပွဲကို လမ်းလျောက်ချီတက် ဆန္ဒ ဖော်ထုတ်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံမှာ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
ထောက်ခံကြိုဆိုပွဲမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့တွေ၊ ရှမ်းပြည်နိုင်ငံရေးအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ စတဲ့အဖွဲ့စည်းပေါင်း ၂၀ ကျော် ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။