Home
မြန်မာသတင်း
မအူပင်မြို့တွင် ဂက်စ်ပိုင်းလိုင်းပေါက်ကွဲသဖြင့် ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
March 2, 2019
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဂက်စ်ပိုက်လိုင်းပေါက်ကွဲတာကြောင့် အလုပ်သမား ၂ ဦး မြေပိသေဆုံးပြီး ၁ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ တလုပ်လပ်အနောက်ကျေးရွာ၊ မအူပင်တံတားအနီး မအူပင်တောင်ရေနံမြေမှ ညောင်တုန်းရေနံမြေသို့ မြေပြင်အနက် ၁၀ ပေလောက်ရှိ သဘာဝဓာငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့အနည်းငယ်ယိုစိမ့်နေလို့ မအူပင်(တောင်) ရေနံမြေအင်ဂျင်နီယာမှူး ဦးဌေးဝင်း အပါအ၀င် ၉ ဦး ဓာတ်ငွေ့ယိုစိမ့်နေရာရှာဖွေဖို့ မြေကြီးတူးခြင်း လုပ်ငန်း ဆောင်ရွက်နေစဉ် မွန်းလွဲ ၁၂ နာရီခွဲလောက် မြေကြီးတွင်း အကျယ် ၄ ပေ၊ အနက်၅ ပေခွဲလောက် အရောက်မှာ မြေကြီးတူးတဲ့ ဂေါ်ပြားနဲ့ ကျောက်ခဲစတို့ထိမိပြီး မီးပွင့်ထွက်ရာကနေ ယိုစိမ့်နေတဲ့ ဓာတ်ငွေ့တွေ မီးထတောက်လောင် ပေါက်ကွဲခဲ့တာပါ။ မြေကြီးတူးနေတဲ့ ဦးမြင့်ကြည် ဦးရဲမင်းစိုးတို့ ၂ ဦး ပေါက်ကွဲအရှိန်ကြောင့် တူးဖော်ထားတဲ့ မြေတွင်းဘောင် မြေတွေ ပြိုကျပြီး မြေအောက်ပိမိ သေဆုံးခဲ့တာပါ။ အလုပ်သမားတဦး ဖြစ်တဲ့ ဦးသိန်းထိုက်ဦးကတော့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မအူပင်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားတာကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ ပြည်သူတွေ ၀ိုင်းဝန်းပြီး မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးတို့နဲ့ မီးငြိမ်းသတ်ခဲ့ရာ မွန်လွဲပိုင်း ၁၂နာရီ ၃၅ မိနစ်အချိန်မှာ မီးငြှိမ်း သတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောက်ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမား ၂ ဦး မြေကြီးပိ သေဆုံးခဲ့မှုကို မအူပင်မြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကျော်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024