ဖမ်းဆီးထားသည့် အိန္ဒိယလေယာဉ်မှူးကို ပါကစ္စတန် ပြန်လွှတ်

1.4K
ဖမ်းဆီးထားတဲ့ အိန္ဒိယလေယာဉ်မှူးကို မတ် ၁ ရက်နေ့မှာ ပါကစ္စတန်အစိုးရက ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
ဒေသစံတော်ချိန် ည ၉- နာရီ ၀န်းကျင်က နယ်စပ် ၀ါဂါမြို့အနီးမှာ အိန္ဒိယ လေယာဉ်မှူး ဒုဗိုလ်မှူးကြီး အဘင်နန်ဒန် လမ်းလျှောက်လာပုံကို ပါကစ္စတန်ရုပ်သံကနေ ပြသခဲ့ပါတယ်။
လေယာဉ်မှူး အဘင်နန်ဒန် မောင်းနှင်လာတဲ့ MiG-21 တိုက်လေယာဉ်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပါကစ္စတန် တိုက်လေယာဉ် JF-17 နဲ့ ဝေဟင်တိုက်ပွဲဖြစ်ပြိးနောက် ပါကစ္စတန် ပိုက်နက်အတွင်း ပျက်ကျခဲ့ပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြိးက ငြိမ်းချမ်းရေး အမှတ်လက္ခဏာနဲ့ ပဋိပက္ခ ပြေလျော့စေဖို့ အိန္ဒိယလေယာဉ်မှူးကို ပြန်လွှတ်ပေးမယ်လို့ မတ် ၁ ရက်နေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အိန္ဒိယစစ်ဘက် တာဝန်ရှိသူတွေကတော့ လေယာဉ်မှူး ပြန်လွှတ်ပေးတာကို ကြိုဆိုတယ်လို့ ပြောပေမယ့် နျူကလီးယား အင်အားကြီး နှစ်နိုင်ငံအကြား ပဋိပက္ခ လျော့ပါးအောင်လုပ်မယ်ဆိုတာ အတည်ပြုပြောကြာ့း ဖြို့ငင်းဆန်ခဲ့ပါတယ်။