
“မင်း ဖြစ်ချင်တာတွေ… မင်း တောင်းဆိုတာလေး… ငါ ဘာဆို ဘာတခုမှ မဖြည့် ဆည်းပေးနိုင်… မင်း လုပ်ချင်တာတွေ… မင်း လျှောက်ချင်တဲ့လမ်း… အဆင်မပြေမှုရဲ့ အိပ်မက်ထဲက မနိုးနိုင်”
ဒါကတော့ အခုမှ အသစ်စက်စက် ထွက်ရှိလာခဲ့တဲ့ အိပ်မက်အမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး Myanmar Idol တေးသံရှင် ချမ်းမြေ့မောင်ချိုက သီဆိုထားခဲ့တာပါ။
“တကယ်ဆို ငါဟာ နင့်အတွက် အမှိုက်လိုပဲ… အဆင်ပြေသလိုသာ စွန့်ပစ်ခဲ့ပါတော့… ချစ်သူရေ… ငါအမြဲတမ်း လွမ်းနေပါတယ်… နေသားမကျသေးတဲ့ ငါ့တယောက် ထဲ… လွှတ်ပစ်ထားရစ်ခဲ့တယ်… ချစ်သူရေ… ငါ မင်းအတွက် အမှိုက်လိုပါပဲ… နင် ပစ်ချခဲ့ တဲ့အတိုင်း ငါနေရင်း… အိပ်မက်မက်နေမယ်… အိပ်မက်လိုပဲ”
ဒီသီချင်းကိုတော့ နာမည်ကြီး လူငယ်တေးရေးဆရာ ဝေကြီးက ရေးစပ်ပေးထားခဲ့ တာဖြစ်ပြီး ချစ်သူကို ဘာမှမဖြည့်ဆည်းပေးနိုင်ပဲ စွန့်ပစ်ချန်ထားခဲ့ချိန်မှာတောင် လွမ်း ဆွတ်တမ်းတနေရတဲ့အကြောင်းကို ခပ်ဆွေးဆွေး စာသားတွေနဲ့အတူ ဒီသီချင်းထဲမှာ ခံ စားနားဆင်ကြရမှာ ဖြစ်ပါတယ်။
ထူးခြားတဲ့ အသံနဲ့ ချစ်စရာကောင်းတဲ့ ချမ်းမြေ့မောင်ချိုဟာ အဆိုတော် အိအိရဲ့ မျိုးဆက်ဖြစ်ပြီး Myanmar Idol Season 3 ပြိုင်ပွဲဝင်ချိန်ကတည်းက ပရိသတ်အား ပေးမှုရရှိခဲ့ပြီး First Runner Up ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။
ခုလက်ရှိထွက်ရှိလာတဲ့ အိပ်မက်သီချင်းထဲမှာတော့ သူ့ရဲ့ လွမ်းလွမ်းဆွေးဆွေး ခံစားသီဆိုမှုတွေ၊ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိသတ်တွေက ရှုစားနိုင်မှာ ဖြစ်ပါတယ်။










