DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် ငြမ်းစင်ပြိုကျပြီး လူ ၇ ဦး သေဆုံး
DVB
·
October 4, 2012
တောင်ကြီးမြို့တွင် ငြမ်းစင်ပြိုကျပြီး လူ ၇ ဦး သေဆုံး
Donate to DVB

တောင်ကြီးမြို့ ပြည်တော်သာရပ် ကြံ့ခိုင်ရေးလမ်းမှာ တည်ဆောက်ဆဲ အထပ် ၆ ထပ်ပါ အဆေက်အဦတခု မနေ့ နေ့လယ် ၃ နာရီလောက်မှာ ဆလပ်လောင်းနေ စဉ် ငြမ်းစင်ပြိုကျပြီး ဆောက်လုပ်ရေး အလုပ်အမား ၇ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေကတော့ ဒေါ်ပြုံးရီ၊ မလှလှခိုင်၊ မထွေးထွေး၊ မလှစန္ဒာ၊ ဦးအောင်ကိုလတ်၊ ဦးတင်အောင်နဲ့ ကိုကုလားကြီးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၃ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ မရှိပေမယ့် ခြေထောက်နဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာ အသီးသီးရရှိခဲ့တယ်လို့ ဒေသခံတဦးက  ပြောပါတယ်။

ငြမ်းစင်ပြိုကျမှုဟာ အထပ် ၆ ထပ်မြောက် ဆလပ်လောင်းနေစဉ်မှာ ငြမ်းစင်အပေါ် ၄ ဦးနဲ့ အောက်မှာ ၆ ဦး  ဖြစ်ပြီး ငြမ်းစင်ပြိုကျရာမှ ပိမိသေဆုံးကြတာလို့ ဆိုပါတယ်။

ဒီလုပ်ငန်းခွင်ကို ထွန်းသီရိ ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေတာ ဖြစ်ပါတယ်။

အခုလို ဆောက်လုပ်ရေးအလုပ်သမားတွေ သေဆုံး ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး ဒဏ်ရာရရှိသူတဦးရဲ့ ညီမငယ်က “ကျမတို့ကို တာဝန်ယူရင် ပြီးတာပါပဲ” လို့ ပြောပါတယ်။

ငြမ်းစင်ပြိုကျခဲ့ရမှုနဲ့ ပတ်သက်ပြီး အလုပ်သမားတဦးက “ဆလပ်က မနေ့ကတည်းက လောင်းတာ နေ့ရောညရောပဲ။ ဒီနေ့လည်း ထပ်လောင်းတယ်။ ငြမ်းစင် မခိုင်တာကြောင့် ဖြစ်ရတာပါ” လို့ ပြောပါသည်။

ဒီဆောက်လုပ်ရေး လုပ်ငန်းမှာ ဆလပ်လောင်းခ ယောက်ျား တဦး ၆၀၀၀ ကျပ်ခန့် ရရှိပြီး မိန်းကလေး တဦးကို ၅၀၀၀ ကျပ် ရရှိတယ်လို့ ဆိုပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013