Home
အနုပညာ
“ခက်ခက်ခဲခဲ အရဲစွန့် ကြိုးစားခဲ့ကြတာပါ”-  မြို့ပြမုဆိုး မင်းသား ခါရာ
DVB
·
February 28, 2019
    ထူးထူးခြားခြား မြန်မာဂန်းစတားအက်ရှင်ကားတကားဖြစ်တဲ့ မြို့ပြမုဆိုးများ ရုပ်ရှင်ကားကို မတ်လ ၁ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး ဒီကားကို ခက်ခက်ခဲခဲ အရဲစွန့် ကြိုးစား ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သရုပ်ဆောင်မင်းသား ခါရာက ပြောတယ်။ ဒီကားကိုတော့ Bonanza ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လူငယ် ရုပ်ရှင်ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မြို့ပြဒုစရိုက်လောကသားတွေရဲ့ ဥပဒေပြင်ပက လုပ် ငန်းတွေ၊ အချင်းချင်း တဖွဲ့နဲ့တဖွဲ့ မကြေလည်တဲ့ ရန်ငြိုးတွေနဲ့အတူ အပြန်အလှန် တိုက်ခိုက်ကြတဲ့ အက်ရှင်အပစ်အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ ဉာဏ်ထင်ဟာ မနှစ်က ရုံတင်ပြသခဲ့တဲ့ Dimensions မျက်နှာပြင်များ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ဒီကားကတော့ သူ့ရဲ့ဒုတိယမြောက်လက်ရာအနေနဲ့ ရှုစားကြရ မယ့် ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေအနေနဲ့ ခါရာ၊ ရန်အောင်၊ ဇင်ဝိုင်း၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံ၊ ခန့်ညား၊ ဂျာဆိုင်းအိန်စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ မြို့ပြမုဆိုးများ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ရန်ကုန်မြို့၊ JCGV ရုပ်ရှင်ရုံမှာ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ နောက်ကွယ်က အခြေအနေတွေကို ခေါင်း ဆောင် မင်းသားတဦးဖြစ်တဲ့ ခါရာက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေတဆင့် ပရိ သတ်တွေကို အသိပေးခဲ့တာကို တွေ့ရပါတယ်။ Bonanza ထုတ်လုပ်ရေးအနေနဲ့ ငွေရေးကြေးရေးအရ အရှုံးအမြတ်တွေကို တွက် ချက်ပြီး ရိုက်ရတာမှန်ပေမဲ့ ဒီကားကို ရိုက်ကူးချိန်မှာ ငွေမြတ်ဖို့တခုတည်း အဓိကမထား ပဲ မျှော်လင့်ချက်တွေ ရုပ်ရှင်ကို တန်ဖိုးထားတဲ့စိတ်တွေ နဲ့ ရိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လူငယ်သရုပ်ဆောင်သစ်တွေနဲ့ချည်း ဖန်တီးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားဟာ ဆန်းသစ်တဲ့ ရုပ်ရှင်ဖန်တီးမှုတွေ နောက်ထပ်ဖြစ်လာစေဖို့ တွန်းအားဖြစ်လာဖို့လို့လည်း ရေးသားခဲ့ပြီး ဈေးကွက်နည်းနေသေးတဲ့ ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ အက်ရှင်ဒရာမာကား ကို စွန့်စားရိုက်ကူးခဲ့ကြတာလို့ ဆိုပါတယ်။ ဒီအပေါ် ခါရာက “ဘယ်သူမှမသွားတဲ့ လမ်းကိုသွားရင် အခက်ခဲတွေတော့ အများ ကြီး ရှိတာပေါ့နော်… ပရိတ်သတ်ကို စေတနာထားပြီးတော့ အပြောင်းအလဲလေးတခုဖြစ် အောင် တင်ဆက်ချပြချင်တဲ့စိတ်တစ်ခုထဲနဲ့ ဈေးကွက်အလွန်နည်းနေသေးတဲ့ ရုပ်ရှင်အ မျိုးအစားဖြစ်တဲ့ Action Drama Movie Trend ကို ကျွန်တော်တို့ ကိုယ့် Own Risk ကို ကိုယ်ယူပြီးတော့ ခက်ခက်ခဲခဲ အရဲစွန့် ကြိုးစားခဲ့ကြတာပါ”လို့ ပြောလိုက်ပါတယ်။ တနှစ်ခွဲလောက်ကြာအောင် အချိန်ယူရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကို အားပေး ကြမယ့် ပရိသတ်တွေကိုတော့ ခါရာက ကြည့်ပြီးချိန်မှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ Review ရေးပေးကြဖို့ တောင်းဆိုထားတာပါ။ “ပရိသတ်အယောက်စီတိုင်းရဲ့ Review ⭐️ တွေက ကျနော်တို့တွေအတွက် အင်မတန်အရေးကြီးပါတယ် ကျနော်တို့ မျှော်လင့်ချက်တွေအတွက် အလင်းတန်းလေး တခုဆိုရင်လည်း မမှားပါဘူးဗျာ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024