DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းဆည် ရေပေးမြောင်းကောသွား၍ လယ်မြေများပျက်ပြီး တောင်သူများ အခက်အခဲဖြစ်နေ
DVB
·
February 28, 2019
ဝမ်းတွင်းဆည် ရေပေးမြောင်းကောသွား၍ လယ်မြေများပျက်ပြီး တောင်သူများ အခက်အခဲဖြစ်နေ
Donate to DVB

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ ဝမ်းတွင်းဆည်ရေပေးမြောင်း ကောပြီး ရေမရတာကြောင့် လယ်မြေများပျက်စီးကာ ရွာ ၆ ရွာက တောင်သူတွေ အခက်အခဲဖြစ်နေပါတယ်။

ရေဆုံးရွာနေ ဦးကျော်လှိုင်က "ဝမ်းတွင်းဆည်ရေပေးမြောင်းက လာတဲ့ရေကို ကန်တွေနဲ့ ရေစုထားပြီး လယ်လုပ်ရတယ်။ ၁၂ နှစ်သားကတည်းက အဘနဲ့လိုက်ပြီး တောင်သူလုပ်လာတာ အခုအသက် ၆၀ ကျော်ပြီ၊ ရေမရလို့ တောင်သူမလုပ်ရတော့ဘူး၊ ဒီတောကြီးက လယ်မြေဧက  ငါးထောင်ကျော်ရှိတဲ့ နေရာပါ" လို့ ပြောပါတယ်။

ဝမ်းတွင်းဆည်ဟာ မိတ္ထီလာကန် မုန်တိုင်ဆည် တံခွန်တိုင်ဆည်တွေက လွှတ်လိုက်တဲ့ ရေကိုထိန်းပြီး လယ်ယာတွေ ရေရအောင်ပေးနေတဲ့  ရေထိန်းဆည်တခုပါ။ ဝမ်းတွင်းဆည် တည်ဆောက်ပြီး လယ်ယာတွေကို ရေပေးခဲ့တာ နှစ် ၇၀ လောက်ရှိခဲ့ပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး ရေပေးမြောင်းတွေ ရေစီးရေလာမကောင်းဘဲ လယ်ယာတွေ ရေမရ ဖြစ်နေတာပါ။

ဆယ်ရွာနေ ကိုဝင်းနိုင်က "မြောင်းလို့တောင် ခေါ်မရတော့ပါဘူး။ ဒီဟာက ဝမ်းတွင်းဆည် ကလာတဲ့ ရေမြောင်းပါ၊ ဒီမြောင်းက ရေယူပြီး တောင်သူတွေ လယ်လုပ်ရတာပါ၊ အခုတော့ ပျက်နေပါပြီ။ အစိုးရကို အသိပေးတိုင်ကြားဖို့ လက်မှတ်တွေ ထိုးထားပါပြီ" လို့ ပြောပါတယ်။

ကင်းရွာကုန်းနေ ကိုဇေယျာလင်းက "ဒီနေရာက ဝမ်းတွင်းဆည်ရေသောက်ပြီး လယ်ဧက များစွာ စပါးစိုက်ခဲ့ရတယ်။ အဲလိုမလုပ်ရတာ ၁၀ နှစ်ကျော်ပြီ။ ကန္တရပင်တွေပေါက်ကုန်ပြီ၊ စပါးမရတော့ နွားစာကောက်ရိုးမရဘူး၊ နွားစာခက်၊ လူစာခက်တော့ နွားတွေရောင်းစားရတဲ့ဘဝ ရောက်ကုန်တယ်" လို့ ပြောပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက "ဝမ်းတွင်းဆည် ရေပေးမြောင်း တွေ မကောင်းလို့ တောင်သူတွေ ရေမရဘဲ အခက်အခဲဖြစ်နေတာ လွှတ်တော်ကို မေးဖူးတယ်၊ ပြန်ပြင်ပေးမှာပါ" လို့ ပြောပါတယ်။

ဆည်မြောင်း ဒုဦးစီး ဦးမြတ်စိုးကျော်က "ကျနော်တို့ဘက်ကတော့ အဲမြောင်းတွေ ကောနေတယ်ဆိုတာ စာတင်ပါတယ်။ အခုထိတော့ ပြင်ဆင်ခွင့်မကျသေးဘူး" လို့ ပြောပါတယ်။

ဝမ်းတွင်းဆည်ကို ပါလီမန်ခေတ်က တည်ဆောက်ထားတာဖြစ်ပြီး ဆည်တည်ဆောက်တဲ့ အင်ဂျင်နီယာအမည်ကိုပဲ ဆည်အမည်ပေးခဲ့တာကြောင့် ဦးဖိုးထွန်းဆည်လို့ အမည်တွင်ခဲ့ပြီး နောက်ပိုင်ရောက်မှ ဝမ်းတွင်းဆည်လို့ ပြောင်းလဲခေါ်ခဲ့ပါတယ်။

ဆည်မြောင်းလက်တံ ၅ ခုနဲ့ လယ်ယာမြေ ဧက ၂ သောင်းလောက်ကို ရေပေးခဲ့တာဖြစ်ပြီး အခုအခါမှာတော့ လယ်မြေဧက ၃ ထောင်လောက်သာ ရေပေးနိုင်တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013